"ညနေကျရင်... လာကြိုရမလား"

ဟင်...ခွန်းနစ် မျက်လုံးတွေပြူးသွားသည်။ ဝတ်ထားသည့် ဂျူတီကုတ်လက်ရှည်အတွင်းထိ ကုပ်ဝင်မိသွားလက်ချောင်းတွေဟာ အမှုမဲ့အမှတ်မဲ့နှင့်။ အခြေအနေက ဘာလဲ။ ခွန်းနစ်က သူ့ကိုတောင်းပန်ဖို့ကြံစည်နေခဲ့တာပါ။သူကတော့ လက်ရှိပြဿနာကို တစ်ခါမှမရှိဘူးသလို အေးအေးပဲ မေးနေသည်။

"ငါက ဟို..."

"မလာစေချင်ရင် မလာဘူး"

"မဟုတ်ဘူး!!!"

ဒုန်း!!..."အ.."

အီဆောင့်သွားသည့် ဒူးခေါင်းကို ဖိအုပ်ကာ ခွန်းနစ်မျက်နှာက ငိုမဲ့မဲ့နှင့်။ အလန့်တကြားအော်လိုက်ရင်း ထရပ်လိုက်မိသည့် အကျိုးဆက်က စားပွဲခုံနှင့် ဒူးကိုမိတ်ဆက်ကာ ဓာတ်လိုက်ခံရသလို အောင့်တက်သွားစေခဲ့တာဖြစ်သည်။မလာစေချင်ဘူးလို့ ဘယ်သူကပြောလဲ။ ခွန်းနစ်လား ...လုံးဝမပြောမိပါဘူးနော်။ ပါးစပ်ကလဲ မပြောသလို မျက်နှာကလဲ မလာစေချင်တဲ့ပုံစံမျိုး နည်းနည်းလေးတောင် မပြမိခဲ့ပါဘူး။

"လာ လာလို့ရပါတယ်"

ရှက်ရှက်နှင့် ပြန်ထိုက်မိလိုက်သည့်နောက်မှာ ခွန်းနှစ်ရုပ်က ခပ်တည်တည်နှင့်။ တုန်ချင်နေသော ကော်ဖီခွက်ကို ကောက်ကိုင်ကာ ဖြေးဖြေးချင်းသောက်လိုက်သည်။ မွေးပျံ့သည့် ကော်ဖီရနံ့နှင့် အခါးစွက်ထားသော ချိုစိမ့်သည့်အရသာက ခွန်းနစ်အကြိုက်ပင်။

အခု သူတို့အခြေအနေက အဆင်ပြေသွားတာလား။ မျက်လုံးလှန်ကြည့်သည့်အခိုက် ငူငူကြီးထိုင်ကြည့်နေသူ၏ အကြည့်တွေနှင့်ဆုံသည်။ မျက်တောင်မခတ်စမ်းကြည့်နေတာများ ခွန်းနစ်မှာ သောက်လက်စ ကော်ဖီပင်သီးမတတ်။ ခံစားချက်က ထူးဆန်းနေသည်။ အရင်လို ပေါ့ပါးမှုမျိုးမဟုတ်သလို လေးလံဝန်လေးနေခြင်းမျိုးလည်း မဟုတ်။ ရှက်ရွံ့စိတ်ကဲနေသည်။တစ်ခုခုကို ထိန်းချုပ်နေရသလိုဖြစ်၏။ ဘာကို ထိန်းချုပ်ထားရသလဲဟု မေးလျှင်လည်း တိတိပပမသိရပြန်ပါ။

တစ်ပါတ်တာလေးလံနေခဲ့သမျှ စိတ်တို့က ယခုမှပဲ ‌တိမ်ကင်းစင်သွားသည့် ကောင်းကင်နှယ်။ ကြည်လင်လို့ သွားခဲ့၏။သေချာတာကတော့ ခွန်းနစ် ပျော်သည်။

friEND(COMPLETED)Where stories live. Discover now