Arc(4) ကျောင်းလူဆိုးလေး /31/

Bắt đầu từ đầu
                                    

ပိုင်ကျီ ခေါင်းညိတ်လိုက်သည် "သူက​ရောဘယ်သူလဲ?"

"သူက ကျီကွေ့ချန် ရဲ့ ညီ၊ အလိုလိုက်ခံထားရတဲ့ကလေး​ပေါ့"

"သူကရော ဘာလုပ်ခဲ့တာလဲ?" ပိုင်ကျီ မျက်လုံးများ မှေးကျဥ်းလိုက်သည်။

System သက်ပြင်းချလိုက်ရင်း
“ပြိုင်ပွဲကျင်းပမယ့်နေ့မှာ ကျီကွေ့ချန်က သူ့ကို အနိုင်ကျင့်ပါတယ်ဆိုပြီး သူ့အဖေကို တမင်လိမ်ညာခဲ့တယ်လေ။အဲ့တာကြောင့် ကျီကွေ့ချန် အပြစ်ပေးခံရပြီး ပြိုင်ပွဲကို လွဲချော်သွားတော့တာပဲ။”

"သူဘာလို့ ကျီကွေ့ချန်ကို ပြိုင်ပွဲမှာမပါစေချင်တာလဲ"

"လောင်းရဲတယ် အဲ့တာကလေးတစ်ယောက်ရဲ့ မနာလိုစိတ်ပဲ" system နှာမှုတ်လိုက်သည် "ကျီကွေ့ချန်ရဲ့ အဆင့်တွေက သူ့ထက် အများကြီး ပိုကောင်းတယ်လေ"

ထိုသည်ကိုကြားတော့ နောက်မေးခွန်းမမေးခင် ပိုင်ကျီ အချိန်ခဏမျှတိတ်သွားသည်။

"ကျီကွေ့ချန်ရဲ့ မိဘတွေက​ရော။လူသားတွေက… မိသားစုဆက်ဆံရေးကိုဆို တန်ဖိုးထားကြတယ် မဟုတ်လား”

"သူတို့သေသွားပြီ"

System စက်ရုပ်လေသံနဲ့ပြောသည်
“သူငယ်ငယ်လေးကတည်းကပဲ”

ပိုင်ကျီ့ နှလုံးတစ်ခုလုံး ရုတ်တရက် တင်းကြပ်သွားရသည်။

သချာ်ဆရာ စာသင်ခန်းထဲရှိကျောက်သင်ပုန်းပေါ်မှာ စာ​တွေမရပ်မနားရေးနေကာ ​အောက်ကကျောင်းသားတွေကလည်း ဂရုတစိုက် နားထောင်နေသလို ဟန်ဆောင်နေကြသည်။

ပိုင်ကျီ မသိစိတ်အရ ဘေးဘက်ရှိလူကို တိတ်တိတ်လေး လှည့်ကြည့်လိုက်သည်။ ကျီကွေ့ချန် အာရုံစူးစိုက်မှုအပြည့်နှင့်ခေါင်းငုံ့ကာ မှတ်စုများကို တစ်ကြောင်း​ပြီးတစ်ကြောင်းရေးနေ​လေသည်။ နေရောင်ခြည်က သစ်ရွက်များကို​ဖြတ်သန်းကာ ပြတင်းပေါက်မှတဆင့် စားပွဲခုံပေါ်သို့ ဖြာကျနေကာ သစ်ရွက်ရိပ်များသည်လည်း လေနှင့်အတူ ယိမ်းနွဲ့နေတော့သည်။

ရုတ်​တရက်​ ပိုင့်ကျီ့ရင်ထဲ ​ပြောမပြနိုင်​​လောက်​​သည့် နာကျင်မှုတစ်ခုဆန်တတ်လာတယ်။

ငါဗီလိန်ကြီးရဲ့Fan boyတစ်​ယောက် ဖြစ်လာပြီ(MM Translation) Nơi câu chuyện tồn tại. Hãy khám phá bây giờ