Arc(2) No.(1) Host /10/

3.1K 516 28
                                    

#Unicode#

//နောက်သုံးရက်အတွက်တော့မင်းကကိုယ့်ရဲ့အရာရာပဲ//

ပိုင်ကျီဆိုဖာပေါ်မှာမလှုပ်မယှက်ထိုင်နေပြီးသူ့အရှေ့က ခဲ့ယန် ကိုစိုက်ကြည့်နေသည်။

"ငါနှစ်ဆပေးမယ်"

ခဲ့ယန်:"ငါ....."

"သုံးဆ"

ခဲ့ယန်:"မဟုတ်...."

"လေးဆ"

"ငါး......"

"ငါအရှုံးပေးလိုက်ပြီ"

နောက်ဆုံးတော့ ခဲ့ယန်အသံထွက်နိုင်တော့သည်။

"ငါမင်းဆီကနေသူ့ကိုမယူတော့ဘူး၊ငါ့ကိုအဲ့လိုမျိုးမကြည့်ပါနဲ့"

ပိုင်ကျီ အစာလုယက်ခံလိုက်ရသည်ရက်စက်တဲ့သားရိုင်းတစ်ကောင်လိုပြင်းပြင်းထန်ထန်အော်ပြောလိုက်သည်။

"မင်းသူ့ကိုယူလို့မရဘူး!"

"ကောင်းပြီ ကောင်းပြီ ကောင်းပြီ ငါမယူပါဘူး" ခဲ့ယန်ငိုချင်သွားသည်။

"ငါသာစောစောသိရင်မလာခဲ့ပါဘူး၊အဲ့တာတွေအားလုံးကငါ့ကိုဒေါသထွက်စေခဲ့တဲ့*သူ့အပြစ်ဘဲ....."
(" သူ "ဆိုတာကအမျိုးသားဇာတ်လိုက်ကိုပါ)

"မနာခံတတ်တဲ့သူကိုရိုက်နှက်တာကကောင်းပါတယ်"

ပိုင်ကျီပြောလာသည်
"ဒါပေမဲ့ မင်းရဲ့အစီစဥ်ထဲမှာတုဟွိုင်အန်းကိုပါရိုက်နှက်ဖို့ပါမယ်ဆိုရင်တော့ငါခွင့်မပြုနိုင်ဘူး!"

ခဲ့ယန်မှာဘယ်လိုလုပ်အဲ့လိုအကြံစည်တွေရှိဖို့ဖြစ်နိုင်မှာလဲ?

"သူဋ္ဌေးလေးငါသူ့ကိုမရိုက်ပါဘူး မင်းပဲသူ့ကိုရိုက်ပါ"

"ငါသူ့ကိုရိုက်မှာမဟုတ်ဘူး"

ပိုင်ကျီ တစ်ဖက်သို့ခေါင်းလှည့်လိုက်ကာ "*ဦးလေးကြားလိုက်တယ်မလား၊ တုဟွိုင်အန်းကိုကျွန်တော်လုသွားမှာ"

(ဒီမှာ ဦးလေးဆိုတာက systemဦးလေးမဟုတ်ပါဘူး ဒီကမ္ဘာကလူပါ)

"ဒါက....."ထိုလူအတော်လေးပြောရခက်သွား၏။

"မစ္စတာတုဟွိုင်အန်းမှာသူ့customersကိုသူရွေးပိုင်ခွင့်ရှိတယ် သင်တို့နှစ်ယောက်ငြင်းခုံတာတွေကိုထည့်တွက်လို့မရပါဘူး"

ငါဗီလိန်ကြီးရဲ့Fan boyတစ်​ယောက် ဖြစ်လာပြီ(MM Translation) Where stories live. Discover now