Arc(2) No.(1) Host /13/

2.7K 444 12
                                    

#Unicode#

//တုဟွိုင်းအန်းမျက်လုံးများကိုမှိတ်လိုက်ကာပိုင်ကျီ့ရဲ့လည်ကုတ်ပိုးလေးကိုနမ်းလိုက်သည်//

မီးဖိုချောင်ရဲ့လေထုကအတော်အတန်ဒွိဟဖြစ်သွားသည်။တုဟွိုင်အန်းခဏမျှတိတ်ဆိတ်နေပြီးနောက် ရုတ်တရက်ပိုင်ကျီ
နားနားတိုးကပ်လာကာအသံခပ်နိမ့်နိမ့်ဖြင့်ပြောလာသည် "သခင်လေး အိမ်မပြန်ဘဲ
အပြင်မှာတစ်ညလုံးနေရဲလား?"

ပိုင်ကျီခေါင်းမော့လာပြီး:"ဘာလဲ?"

"အိမ်မပြန်နဲ့တော့ ဒီမှာပဲနေ"

တုဟွိုင်အန်းခဏမျှရပ်တန့်သွားပြီး

"ကိုယ်တို့နှင်းသွားကြည့်ကြမလား?"

"နှင်း...."ပိုင်ကျီ စဥ်းစားလိုက်ပြီးနောက်သဘောတူလိုက်သည်။ထို့နောက် တုဟွိုင်အန်းအသံကိုကြားလိုက်ရသည်။

"ကိုယ်တို့အရင်ဆုံးညစာစားကြမယ်လေ။ပြီးမှသွားကြတာပေါ့"

ပိုင်ကျီထိုစကားကြားလိုက်တော့ လက်တွေတုန်သွားပြီးကိုင်ထားတဲ့ဓားနဲ့ သူ့လက်သူတောင်ခုတ်မိတော့မလို့လုနီးနီး​လေးပဲ။

'ညစာစားပြီးရင်?လူသားတွေရဲ့အစားစာ?အရသာမရှိတဲ့လူသားတွေရဲ့ညစာ?

သူဘယ်တော့မှအဲ့တာကိုသဘောတူမှာမဟုတ်ဘူး'

ပြတ်ပြတ်သားသားငြင်းဖို့ရာပိုင်ကျီမီးဖိုချောင်သုံးဓားကိုကိုင်ကာ 'bang'ခနဲမြည်သွားတဲ့ထိခုတ်ချလိုက်သည်။ထို့နောက်ရေဆူလာတဲ့အထိစောင့်ကာ ပါဝင်ပစ္စည်းတွေကိုပစ်ထည့်လိုက်တော့သည်။ပိုင်ကျီ တုဟွိုင်အန်းရဲ့လက်တွေကိုဆုပ်ကိုင်လိုက်ကာ

"ကျန်တာကိုခင်ဗျားနဲ့ထားခဲ့လိုက်တော့မယ်၊ကျွန်တော်သွားနှင့်ပြီနောက်မယ်တွေ့မယ်"

ပြောပြောပြီးချင်းပဲပိုင်ကျီ သရဲတွေ့သည့်အလားပြေးတော့သည်။

ဆွဲဆောင်ဖြားယောင်းခြင်း အောင်မြင်သည်ထင်နေသည့်တုဟွိုင်အန်း:"......?"

ပိုင်ကျီ့နှလုံးသားက အစားစာနဲ့ပတ်သက်ပြီးကြောက်ရွံ့မူတွေနဲ့ပြည့်နေပြီးအိမ်ကိုချက်ချင်းပဲပြန်ခဲ့သည်။တုဟွိုင်အန်း တစ်ဝက်ပဲလုပ်ရသေးသည့်ညစာကိုကြည့်ကာမျက်မှောင်ကြုပ်လိုက်သည်။

ငါဗီလိန်ကြီးရဲ့Fan boyတစ်​ယောက် ဖြစ်လာပြီ(MM Translation) Where stories live. Discover now