အခြေအနေပို၍ ဆိုးမလာစေရန် ပေါ်ထွက်စပြုလာသော လာဗင်ဒါအနံ့တို့ကို ထိန်းချုပ်ရင်း စိတ်ငြိမ်ရန် အရင်ကြိုးစားရသည်။ ကိစ္စတစ်ခုရှင်းမပြီးခင်မှာပင် နောက်တခုပေါ်လာခဲ့ပါလျှင် ဘယ်လိုမှမလွယ်ကူပါလေ။

"ဖြေရှင်းပေးပါ အရှင်"

"အဲဒီအမှတ်အသားက---"

"အဲ့အမှတ်အသားက ကျနော်လုပ်ခဲ့တာ!"

စကားမဆုံးခင်မှာပင် ထွက်ပေါ်လာသော အသံစူးစူးကြောင့် ခန်းမအတွင်းရှိ အာရုံတို့က ညီလာခံခန်းမ တံခါးဝဆီသို့ ကူးပြောင်းသည်။ အသံပိုင်ရှင်ကို မြင်ရချိန်တွင်တော့ အာမေဋိတ်သံများ ရှေ့နောက်ဆင့်ကာ ပေါ်ထွက်လာလေတော့သည်။ အံ့အားသင့်ရသူထဲတွင် ထိပ်ဆုံးမှပါဝင်သူကတော့ အရှင်ကိုယ်တိုင်ပင်။

"သခင်​လေး ပတ်ခ်...?"
"ဂျီမင်း?"

ဟုတ်ပါသည်။ မျိုးနွယ်အားဖြင့် တူညီသော်လည်း နှလုံးသားရေးရာတွင် ပြိုင်ဘက်ဖြစ်သော မက်မွန်ပန်းနံ့ပိုင်ရှင် ထိုomegaပါပင်။ မထင်မှတ်ထားသည့် အပြုအမူမို့ အရှင်ကိုယ်တိုင်လည်း ဆွံ့အရသော အနေအထားဖြစ်ရလေတော့သည်။

တီးတိုးပြောဆိုသံတို့ကြားမှ တချက်ပင် တွန့်ဆုတ်ခြင်းမရှိပဲ ခန်းမအလည်သို့ လျှောက်လှမ်းလာသည့် ထိုomegaမှာ မြင်ဖူးခဲ့သော နူးညံ့သည့် ပုံရိပ်တို့နှင့် ကွာခြားလျက်ပင်။

"သားငယ် မင်းဘာတွေပြောနေတာလဲ"

"အဲ့ဒီ အမှတ်အသား... အဲ့ဒီဟာက... ကျနော်လုပ်ခဲ့တဲ့ အမှတ်အသားပဲလို့"

သင်းကွဲအုပ်စုခေါင်းဆောင်က မယုံနိုင်သည့် မျက်နှာအနေအထားဖြင့် မေးခွန်းဆိုလာသည့်တိုင် ယုံကြည်ချက်ရှိရှိဖြင့် ပြန်ဖြေသည့် omegaငယ်သည် ဘာအကြံအစည်ရှိမှန်းပင် မခန့်မှန်းတတ်တော့ပါ။ သေချာသည်ကတော့ တဖက်တလမ်းမှ အရှင့်အတွက် အကူအညီဖြစ်စေသည်မှာ မလွဲမသွေပင်။

"ဂျီမင်း... ဒါက matingအမှတ်အသားနော်။"

"ဟုတ်တယ်လေ ဒါကြောင့်ပဲ ထင်ထင်ရှားရှားရှိနေတာ မဟုတ်ဘူးလား"

"မင်းရဲ့စကားကို ဘယ်လိုယုံရမှာလဲ သားငယ် ဟိုတခါကထိ လက်ဆက်ဖို့ကို ငြင်းဆန်နေခဲ့တဲ့သူကလေ"

𝕸𝖔𝖓𝖆𝖗𝖈𝖍Where stories live. Discover now