အတန်ငယ်အကြာ နှစ်ဦးကြား အောက်စီဂျင်လျော့နည်းလာသည့်အခါမှ နဖူးချင်းထိကပ်ရင်း အမောဖြေလေသည်။ နိမ့်ချည်မြင့်ချည် ရင်ဘတ်တို့နှင့် နီမြန်းယောင်ရမ်းနေသော နှုတ်ခမ်းတို့၊ ထို့အပြင် မေးရိုးထင်းထင်းတို့ပေါ်မှ ငွေမှင်ရောင် အမျှင်တန်းတို့သည် မိနစ်ပိုင်းခန့်က ဆင်နွှဲခဲ့သော ပြင်းထန်သည့် အကြင်နာစစ်ပွဲ၏ သက်သေများပင်။

"နောင်တမရမှာ ​သေချာလား အရှင်။ ခုနေနောက်ဆုတ်လို့ မှီသေးတယ်နော်"

"ကိုယ်တော်က စတင်ပြီးသား အရွေ့ကို ဘယ်တော့မှ နောက်မဆုတ်တတ်တာ ခင်ဗျားသိပါတယ်...
....
...
...alpha"

"shitt"

ဖောင်းဖောင်းပြည့်ပြည့် လက်ချောင်းဖြူဖြူတို့ဖြင့် သူ့မျက်နှာအား ခပ်ဖြေးဖြေးပွတ်သပ်ရင်း နားနားသို့ကပ်ကာ ခပ်တိုးတိုးခေါ်လာသော alphaဆိုသည့် အသံကြောင့် လွှတ်ခနဲသာ ဆဲရေးမိလိုက်တော့သည်။ မိမိ ချစ်မြတ်နိုးသူထံမှ ထိုသို့သော အခေါ်အဝေါ်အား သဘောမကျသည့် alphaဆိုတာ ရှိမည်တဲ့လား။

ထို့ကြောင့် တဆက်တည်းမှာပင် ခါးကျဥ်းလေးပေါ်မှ လက်ဝါးပြင်ကျယ်များက ပိုပြီးတင်းကျပ်လာသလို လေထုထဲတွင် ဟော်မုန်းနံ့များက ပို၍ ပြင်းထန်လာတော့သည်။ ထောင်မတ်နေသော လည်ပင်း​ကြောတို့နှင့်အတူ မျက်ဝန်းစိမ်းတို့သည်လည်း ပို၍စူးရဲကာ အရောင်တောက်လာလေတော့သည်။

ဆိုလိုသည်ကား alphaသည် ချုပ်တည်းထားသော ရာဂစိတ်အား လွတ်မြောက်ခွင့်ပေးလိုက်ပြီပင်ဖြစ်သည်လေ။

"အရှင် နောင်တမရဘူးဆိုရင်တော့ ကျုပ်လည်း ဘာမှမစဥ်းစားတော့ဘူး အရှင်"

နှစ်ကိုယ်ကြားသာ ကြားနိုင်လောက်မည့် အသံဩဩဖြင့် စကားဆိုလာသည့်အခါ အရှင်လာဗင်ဒါလေးမှာ ဒူးများပင် ပျော့ခွေချင်လာတော့သည်။ ရှေ့ဆက်၍ လက်ဝါးပြင်ကျယ်တို့က နုညက်သည့် ခန္ဓာကိုယ်အစိတ်အပိုင်းများလို့ နယ်ကျွံလာသည့်အခါတွင်တော့...

အရှင်လေးလည်း ချုပ်တည်းထားသမျှ ရာဂစိတ်တို့အား လွှတ်ချလိုက်တော့သည်ပင်။

•••••

"အွန့်... ဟာ့... နေရ...နေရခက်...အင့်..တယ်.."

𝕸𝖔𝖓𝖆𝖗𝖈𝖍Where stories live. Discover now