99- ဘက်ပေါင်းစုံကို ကြောက်ရွံ့ခြင်း။

94 12 0
                                    


အခန်း ၉၉- ဘက်ပေါင်းစုံကို ကြောက်ရွံ့ခြင်း။

"အား!"

နာကျင်စွာအော်ဟစ်သံများ ထွက်ပေါ်လာပြီး အိမ်ခေါင်မိုးပေါ်မှ မြင်ကွင်းမှာ ဒုတိယအကြီးအကဲ၏ လက်အတွင်းမှ ဓားရှည်သည် ကောင်းစွာ နေရာယူထားသော ကန်ချက်ဖြင့် ပျံသန်းသွားခဲ့သည်။ ဓားရှည်သည် လေထဲသို့ လွှင့်ထွက်သွားပြီး တောက်လောင်နေသော မီးတောက်များအောက်တွင် ပြုတ်ကျသွားသည်။

အပြင်းအထန် ကန်ကျောက်ခံရတော့ သူ့လက်မနဲ့ လက်ညှိုးကြားက ရုတ်တရက် ထုံကျင်လာပြီး လက်ကောက်ဝတ်က အရိုးတွေ ကျိုးသွားသလို ခံစားရတယ်။ သူ့ဘေးမှာ ခပ်စောင်းစောင်းချိတ်ဆွဲထားသလို အနည်းငယ် တုန်ရီနေပြီး သူ့ရှေ့က အနီရောင်‌ေလးကို စိုက်ကြည့်ရင်း သူ့မျက်နှာ ဖြူဖျော့သွားတယ်။

တဟုန်းဟုန်းတောက်နေသော မီးတောက်ကြီးအောက်မှ တောက်ပနေသော အရိပ်အယောင်ကို ဆန့်ကျင်လျက် နီရဲနေသော အသွင်အပြင်သည် မျက်လုံးထဲတွင် ပို၍ ပြိုးပြိုးပြက်ပြက် ဖြစ်နေကာ ည၏လေတိုက်မှုကြောင့် လွင့်နေသော အနက်ရောင်ဆံပင်များကို ညင်သာစွာ မြှောက်လိုက်ကာ သူ့နောက်သို့ လွင့်သွားသလိုမျိုးပျံသန်း၍ ပြောင်လက်တောက်ပသော မန္တရာပန်းများ ပွင့်နေသော ရွှေမျက်နှာဖုံးသည် သူမအား ပို၍ လျှို့ဝှက်ဆန်းကြယ်၍ နားမလည်နိုင်လောက်အောင် ဖြစ်နေစေသည်။

သွေးဆာနေပြီး လူသတ်လိုမှု့နဲ့ ပြင်းထန်သော ရောင်ဝါသည် သူမ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး အလွန်ပြင်းထန်သော ရောင်ဝါကြောင့် သူ့နှလုံးသားကို ကြောက်ရွံ့မှု အပြည့် ဖြစ်စေခဲ့သည်။

အကယ်၍ ရန်သူ၏အစွမ်းကို သေချာသိခဲ့ရင် ၎င်းတို့ ၏ စီနီယာအများအပြားသည် သူမ၏ လက်အောက်တွင် တယောက်ပြီးတယောက် ကျဆုံးသွားလိမ့်မည် မဟုတ်ပေ၊၊ သူတို့၏ မိသားစု အကြီးအကဲပင်လျှင် သူမကြောင့် ရှု့မိသားစု တည်ရှိမှု အားလုံးကို ပေးဆပ်ခဲ့ရသည် ။ ...

ထိုအတွေးဝင်လာသောအခါ သူ့မေးရိုးကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်ပြီး သူ့နဖူးအောက်နားလေးဆီသို့ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားများအားလုံးကို စုစည်းလိုက်သည်။ခဏအတွင်းမှာပင် သူ့တစ်ကိုယ်လုံး ရော်ဘာကဲ့သို့ လျင်မြန်စွာ ဖောင်းကားလာသည်။ ဘောလုံးလို လေနှင့်ပြည့်နေပြီး သူ့ခန္ဓာကိုယ်ပေါ်ရှိ ၀တ်စုံသည် ရုတ်တရတ် ချဲ့ထွင်မှုမှ ဆုတ်ခွာသွားကာ မူလက ပိန်ပိန်ပါးပါး ခန္ဓာကိုယ်ကို ပေါ်လွင်စေသည်။

စွဲမက်ဖွယ်ကောင်းသော သရဲဆရာ၀န်Where stories live. Discover now