29. ငါ့ညီလေးကို ဘာလို့စိုက်ကြည့်နေတာလဲ?

252 37 0
                                    

အခန်း ၂၉- ငါ့ ညီလေးကို ဘာလို့စိုက်ကြည့်နေတာလဲ?

ထို့နောက်တွင် ဂွမ်ရှီလင်းသည် လူအုပ်စုနှင့် တိတ်တဆိတ် နီးကပ်လာသောကြောင့် ဖုန်ကျွီ ၏ဘေးတွင်သာ နေခဲ့သည်။ ရှေးဦးစွာ သူတို့သည် သစ်ပင်များနောက်ကွယ်တွင် ပုန်းအောင်းနေပြီး အဝေးမှ လူများကို ခဏတာ စောင့်ကြည့်ပြီးနောက် သူမအား ရဲရင့်စွာ ရှေ့သို့ လှမ်းခေါ်သွားခဲ့သည်။ သူတောင်းစားကလေးက အဲဒိအဖွဲ့ထဲ၀င်ဖို့ အစီအစဥ်တစ်ခုခုကို တွေးပြီးပြီဆိုပြီး လူအုပ်စုကို ဘေးနားကနေဖြတ်
‌ေကျာ်သွားလိမ့်မယ်လို့ သူ မထင်ထားခဲ့မိဘူး။ သူတောင်းစားလေးသည် စကားတစ်ခွန်းမှ မပြောဘဲ လူများကို တစ်ချက်မျှပင် မကြည့်မိခဲ့ပေ။

သို့သော် ရုတ်တရက်ပေါ်လာသော လူနှစ်ယောက်ကို တွေ့သောအခါ ထိုလူများက ချက်ခြင်းစောင့်ကြည့်‌ေနသည်။ ခေါင်းဆောင်သည် အစောင့်အကြပ်ကို မဖြေလျှော့မီ အချိန်အနည်းငယ်အတွင်း ၎င်းတို့ကို သတိရှိရှိ တိုင်းတာသည်။ သူတို့နှစ်ဦး၏ ကျင့်ကြံမှု့သည် မြင့်မားသောအဆင့်မဟုတ်သဖြင့် ၎င်းတို့ကို ခြိမ်းခြောက်မှုမပြုခဲ့ပေ။

သို့သော် ထိုအချိန်မှာပင် သူ့မျိုးနွယ်စုဝင်များ အံ့အားသင့်စွာ အော်သံကြားလိုက်ရသည်။

"တတိယသခင်၊ အဲဒါ ဝံပုလွေတစ်အုပ်ပဲ"

ထိုအော်သံကြောင့် ငြိမ်သက်စွာ ထိုင်နေသော လူသုံးဆယ်မှ လေးဆယ်တို့သည် ရုတ်တရက် နိုးထလာကြသည်။ ထိုအခိုက်အတန့်မှာပင် အဝေးသို့ထွက်သွားသော ဖုန်ကျွီ သည် ထိုလူ၏အော်သံကိုကြားပြီးနောက် ထိတ်လန့်စွာအော်လိုက်သည်။

"ဘာလဲ? ဝံပုလွေတစ်အုပ်?
ဘယ်မှာလဲ? ဘယ်မှာလဲ?" သူမသည် ဂွမ်ရှီလင်းကို အမျိုးသားများဘက်သို့ နောက်ပြန်ဆုတ်ရန် ဆွဲငင်ကာ စိတ်လှုပ်ရှားစွာ အော်လိုက်သည်။

"နင်တို့နှစ်ယောက်က ဘယ်သူလဲ။ မင်းတို့နှစ်ယောက် ဒီဝံပုလွေတွေကို ရန်စခဲ့တာလား ?" လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် ဒေါသတကြီး အော်ဟစ်ကာ သူတို့ကို ကြည့်နေသည်။

"ဘယ်လိုဖြစ်နိုင်မှာလဲ! ?"

သူမသည် သူတို့ကို ပြန်ကြည့်ကာ
"အဲဒါတွေက ဝံပုလွေတွေပါ။ ကြောင်တွေမဟုတ်ဘူး! သူတို့ကို ဒီနေရာမှာ ငါတို့နောက်ကို လိုက်စေဖို့ ငါတို့ ဘယ်လိုလုပ်နိုင်မှာလဲ။ ဒါ့အပြင် ဝံပုလွေတွေက ငါတို့နောက်မှာ လိုက်နေတယ်ဆိုတာ စောစောက သိခဲ့ရင် ငါတို့ဘဝအတွက် ပြေးရလိမ့်မယ်။ ငါတို့ဘာလို့ဒီလောက် အေးအေးဆေးဆေး လမ်းလျှောက်နေရမှာလဲ"

စွဲမက်ဖွယ်ကောင်းသော သရဲဆရာ၀န်Where stories live. Discover now