82: ဒုက္ခပေးသောနှလုံးသား

154 22 1
                                    


အခန်း 82: ဒုက္ခပေးသောနှလုံးသား

"ဟုတ်ကဲ့။"

မေးခွန်းမထုတ် တုံ့ဆိုင်းမနေပဲ လင်းရွှမ် က လေးလေးစားစားပြန်ဖြေပြီး အနက်ရောင်အစောင့်တပ်ထံ အမိန့်ပေးရန်အတွက် ချက်ချင်းလှည့့်ထွက်သွားသည်။

အမိန့်ကိုလက်ခံရရှိသည်နှင့် အစောင့်တပ်မှချက်ချင်းလုပ်ဆောင်သည်။ သူတို့အား အကြီးအကဲ ယန်မှာကြားခဲ့သည့်အတိုင်း ထိုသူ၏ အစီအစဉ်များကို ခြွင်းချက်မရှိ လိုက်နာရန်နှင့် သူ့ကို အနည်းငယ်မျှ မလေးစားမှု မပြရန်ဖြစ်သည်။

တောင်ကြီးအား တံဆိပ်ခတ်ရန် အမိန့်ထုတ်ပြန်လိုက်သည်နှင့် ယခုတောင်ပေါ်ရှိ ပန်းပွင့်များကို လာရောက်အပန်း‌ေဖြရှု့စားကြသည့် ခရီးသွားအများအပြားသည် ပုံမှန်အတိုင်း မောင်းထုတ်ခံရမည်ဖြစ်သည်။ နောက်ဆုံးတွင် မက်မွန်ပွင့်ကျောင်းတိုက်သည် ပုဂ္ဂလိကပိုင်မြေပေါ်တွင်ရှိပြီး မက်မွန်ပွင့်သစ်တောတွင် ရှု့စားခွင့်ကို လူများလာရောက်ကြည့်ရှုခွင့်ပြုမည်ကို ပိုင်ရှင်က ခွင့်မပြုဘဲ ငြင်းဆိုပါက ထွက်ခွာရမည်ဖြစ်သည်။

မနက်အစောကြီးရှိသေးတာကြောင့် မက်မွန်ပွင့်သစ်တောမှာ လူသိပ်မများသေးဘဲ ခရီးသွားအားလုံးကို မက်မွန်ပွင့်ကျောင်းတိုက်ရဲ့ နယ်နိမိတ်ကနေ မောင်းထုတ်ဖို့ တစ်နာရီလောက်ပဲကြာပါတယ်။

ထိုအချိန်တွင် ဖုန်ကျီသည် မက်မွန်ပွင့်ဘုန်းတော်ကြီးကျောင်းအတွင်းရှိ မဏ္ဍပ်တစ်ခုသို့ ရောက်ရှိလာသည်။ မီးခိုးရောင်ဝတ်လုံကို ၀တ်ဆင်ထားသော သက်ကြီးရွယ်အိုတစ်ဦးသည် ခြံဝင်းအတွင်း မြေပြင်ကို လှည်းနေသည်ကို တွေ့လိုက်ရသည်။ သူမ ရပ်လိုက်ပြီး "ဒီမှာ ကျွန်တွေအားလုံး ထွက်သွားပြီ၊၊ မင်းက ဘာလို့ ဒီကို ရောက်နေတာလဲ" လို့ မေးလိုက်တယ်။

မီးခိုးရောင်ဝတ်ရုံအဖိုးအိုက တံမြက်စည်းကိုင်ကာ လှည့်ကြည့်ပြီး ခြံဝင်းအတွင်းရှိ မက်မွန်ပင်အောက်တွင် လက်နှစ်ဖက်ပိုက်ကာရပ်နေသော အနီရောင်၀တ်စံုနဲ့သူကိုကြည့်ကာ "ဒီမြေကွက်တွေကို ဆယ်နှစ်ကျော်လောက် သုတ်သင်သန့်ရှင်းပြီးနေတာ မလုပ်ရမ ‌ေနနိုင်တော့ဘူး၊၊ ဒီနေရာက မထွက်ခွာနိုင်ဘူး။"

စွဲမက်ဖွယ်ကောင်းသော သရဲဆရာ၀န်Where stories live. Discover now