Jeno's POV
"သား သား ဘာဖြစ်သွားတာလဲ အခုကဘယ်မှာလဲ"
ကျွန်တော်အလောတကြီးမေးတော့အမေကစိတ်သက်သာစွာနဲ့ပဲပြန်ဖြေတယ်
"သား seoul ကားဂိတ်မှာမေ့လဲလို့ အဲ့ကားဂိတ်ကလူတချို့ကသားကိုဆေးရုံကိုပို့ပေးလိုက်တာ အဲ့ဆေးရုံကနေမှတစ်ဆင့်အမေတို့ဆီဆက်သွယ်တာနဲ့အမေတို့ရောက်လာတာ ရင်တွေကိုထိတ်သွားတာပဲသားရယ်"
ဟုတ်သားပဲ
ကျွန်တော်နေမကောင်းလျက်နဲ့ တစ်နေကုန်ကားစောင့်ခဲ့ပြီးကားပေါ်ရောက်တော့လည်း air con နဲ့အဖျားတွေတော်တော်တက်နေခဲ့တာ seoul ကားဂိတ်ကိုရောက်မှမေ့လဲသွားတာဖြစ်မယ်
"ဒါဆိုအခုက Seoul မှာပေါ့နော်"
"ဟုတ်တယ် ဟုတ်တယ်..... ဒါနဲ့.... သား သားစောနက Jaemin လို့ခေါ်လိုက်တာမလား"
အမေ့မျက်ဝန်းတွေထဲကအံ့ဩမှုတွေနဲ့ပျော်ရွှင်မှုတွေကိုမြင်ရတော့ ကျွန်တော့်မျက်လုံးထဲမှာကအံ့ဩမှုတွေကပြည့်လာတော့တယ်
"Jaemin....?"
"ဟုတ်တယ် ဟုတ်တယ် Jaemin လေ သား Jaemin ကိုပြန်မှတ်မိပြီလား အမလေး အမေ့သားလေးရယ် ယောက်ျား... တို့သားလေးအကုန်ပြန်မှတ်မိပြီထင်တယ်"
"မဟုတ်ဘူး.... အမေဘာတွေပြောနေတာလဲ အမေက Jaemin ကိုသိလို့လား"
"သိတယ်လေ သားလည်းသူ့ကိုသိတာပဲ ဒါပေမဲ့သားကသူ့ကိုမေ့နေတာ"
"စိတ်ထဲမှာဝေဝေဝါးဝါးနဲ့ ...."
"ဘာပဲဖြစ်ဖြစ် Jaemin ကို ..... တကယ့်အရေးကြီးတဲ့သူကိုပြန်မှတ်မိပြီဆိုကတည်းကဒါကံကောင်းတာပဲ"
အမေတို့က ကျွန်တော်အခုမှခရီးမှသိလာတဲ့သူကိုသိနေကြတယ် ကျွန်တော် Jaemin ကိုအခုမှစသိတယ်ဆိုတာသိပ်သေချာပေမဲ့ ဒီစကားတွေနားထောင်ကြည့်ရရင် သူကကျွန်တော့်အတိတ်ကတစ်နေရာရာမှာကျွန်တော်နဲ့ဆုံခဲ့ပြီး ကျွန်တော်ကသူ့ကိုမေ့ပစ်ထားခဲ့တဲ့သူဖြစ်နေပြီပဲ အမေတို့ကပြန်မှတ်မိပြီအတင်းပြောနေပေမဲ့ကျွန်တော့်ခေါင်းထဲဘာမှရှိမနေဘူး
"သူ့ကိုမှတ်မိပေမဲ့ ကျန်တာတွေဝေဝါးနေလို့အမေတို့သေချာပြန်ပြောပြပါလား"
YOU ARE READING
A Broken Memory
FanfictionDonation Project Fiction With Nomin - 1st Myanmar Fanpage
