Part 2

293 35 5
                                        


Jeno's POV

ကားဘီးလိမ့်တာတော်တော်ကြာလာတဲ့အချိန် နာရီဝက်ကျော်လောက်ရှိလာတဲ့အချိန်မှာကျွန်တော်စိတ်ကိုတင်းပြီး ဘေးကကောင်လေးဘက်ကိုလှည့်လိုက်တယ် သူပြတင်းပေါက်ကနေအပြင်ကိုငေးနေတုန်း

ကျွန်တော်ကားပေါ်စရောက်ကတည်းသူကအဲ့လိုပဲအပြင်ဘက်ကိုလှည့်ပြီးကြည့်နေတာမို့သူ့ရဲ့ပါးပြင်နဲ့ မျက်တောင်ရှည်တို့ကလွဲရင် သူ့ရဲ့မျက်နှာကိုကျွန်တော်သေချာမမြင်ရသေးဘူး သူ့ကြည့်ရတာ ကျွန်တော့်လိုမဟုတ်ဘဲ အပူအပင်တကယ်အေးအေးနဲ့ခရီးထွက်လာတဲ့သူမျိုး။ နောက်ဆံတင်းရမယ့်ကိစ္စတွေတောင်မရှိသလောက်ပုံစံပါပဲ

• သူနဲ့နေရာလဲဖို့ကိုသူကဒီလိုပဲအေးစက်စက်နေတတ်တဲ့သူဖြစ်နေတာကိုအချိန်ခဏလောက်နဲ့သိလိုက်ရတာမို့ နေရာလဲဖို့တောင်မပြောရဲသလောက်ပါပဲ ဒါပေမဲ့လည်းကြိုးစားကြည့်ရမှာမို့သူနဲ့အရင်စကားပြောမှရမယ် ရင်းနှီးမှုမယူရသေးဘဲနေရာလဲဖို့သွားပြောရင်ရိုင်းရာကျလိမ့်မယ်လို့ထင်မိတာရော ပြီးတော့ သူ့ကြည့်ရတာခရီးသွားရင်ရှုခင်းကိုငေးရတာအတော်ကြိုက်တဲ့သူမှန်းသိသာလို့ ပြတင်းပေါက်နေရာကိုလဲခိုင်းရမှာကကျွန်တော့်အတွက်ကသိကအောက်တော့ဖြစ်သား

"coffee နဲ့ cola ဘယ်ဟာယူမလဲဗျ"

ဘယ်လိုခေါ်ရမှန်းမသိလို့ကျွန်တော်နာမ်စားမထည့်လိုက်ပါ ဒါပေမဲ့သူ့ကိုမေးနေမှန်းသိသာအောင်တော့သူ့နားကိုကပ်မေးလိုက်ပါတယ်

အဲ့ကျမှသူကကျွန်တော့်ဘက်ကိုပထမဆုံး တကယ့်ပထမဆုံးအကြိမ်လှည့်လာတယ်

"coffee"

တစ်ခွန်းသာဖြေပြီး ကျွန်တော့်လက်ထဲက coffee ဘူးကိုယူလိုက်တယ် သူကပြုံးပြပြီး

"ကျေးဇူးတင်ပါတယ်"

သူသောက်မယ့်ကော်ဖီရဲ့ဆန့်ကျင်ဘက်အနေနဲ့ကိုသူ့အပြုံးကချိုရှာတယ် ကျွန်တော်ကအချိုသာဆုံးပြန်ပြုံးပြပေမဲ့ အပြုံးကနည်းနည်းကြောင်တောင်တောင်နိုင်သွားတယ်

"တစ်ယောက်တည်းလား"

coffee တစ်ခုကိုအခြေခံပြီးခက်ခက်ခဲခဲစထားရတဲ့စကားလမ်းကြောင်းတစ်ခုကိုကျွန်တော်လွယ်လွယ်နဲ့အပြတ်မခံချင်လို့နောက်မေးခွန်းကိုအမြန်စလိုက်ရတာကြောင့်မေးခွန်းကတုံးတိကြီးဖြစ်သွားတယ်

A Broken MemoryWhere stories live. Discover now