Part 3

226 35 0
                                        

Jeno's POV

"အဲ့တော့အခုချက်ချင်းမရခဲ့ဘူးပေါ့?"

Jaemin ရဲ့အမေးကြောင့်သူ့နောက်ကျောကနေကပ်လိုက်လာတဲ့ကျွန်တော်သက်ပြင်းညှင်းညှင်းလေးတစ်ချက်ချလိုက်မိတယ် ကျွန်တော့်အရှေ့ကသူကတော့ ကျွန်တော့်ကိုတိုက်တစ်တိုက်ဆီဦးဆောင်ခေါ်လာလို့ အဲ့တိုက်ရဲ့၆ လွှာဆီကိုတက်လာရင်း စိတ်အေးလက်အေးနဲ့မေးနေတော့တာပဲ

သူ့နောက်ကစိတ်ပျက်လက်ပျက်နဲ့လိုက်လာတဲ့ကျွန်တော်ကတော့ သူမေးသမျှကိုစိတ်တင်းပြီးမေးနေရတယ်

"အင်း အမေကတော့ဆူနေသေးတယ်"

ဆူမှာပေါ့ ဘာလို့ဆိုရင် ဘယ်လိုအခိုးခံလိုက်ရတဲ့အကြောင်းကိုကျွန်တော်ဘဏ်ကဖုန်းနဲ့ဆက်ရင်းပြောလိုက်မိတာကိုး အဲ့တုန်းကတော့ဘဏ်ရှေ့မှာ Jaemin ကစောင့်နေပြီး ကျွန်တော်နဲ့အတူဝင်မလာတာကြောင့်ဖုန်းပြောရတာအနည်းငယ်တော့လွတ်လပ်သွားတာကြောင့်ဘယ်လိုအခိုးခံရတာကအစ ပိုက်ဆံဘယ်လောက်လွှဲပေးပါဆိုတာအထိအမေကိုကလေးလိုပြောခဲ့မိတော့တာပါပဲ

"မိဘတွေကတော့ဒီလိုပါပဲ"

"အမေကနောက် ၂/၃ ရက်နေမှလွှဲပေးမယ်တဲ့ အခုသူတို့လည်းကိစ္စတစ်ခုရှိလို့ဆိုလား"

တကယ်တော့ကျွန်တော့်ရဲ့အသုံးမကျမှုကိုအပြစ်ပေးချင်လို့ ၂/၃ ရက်နေမှလွှဲပေးမှာဖြစ်ကြောင်း ၊ ကျွန်တော်တို့ကချမ်းသာတဲ့အထဲပါကြောင်း ၊ချက်ချင်းလွှဲပေးရင်ရနိုင်ကြောင်း စတာတွေကိုတော့ကျွန်တော်ထိန်ချန်ထားလိုက်ပါတယ် ကျွန်တော်ကမလိမ်ချင်တာမို့ဖုံးကွယ်လိုက်ရတာကအကောင်းဆုံးရွေးချယ်မှုတစ်ခုပါပဲ

အခုမှစခင်တဲ့သူကို ကျွန်တော်ဘယ်လိုသောက်သုံးမကျကြောင်းအရှက်ကွဲခံပြီးမသိစေချင် မပြောချင်တော့ဘူးလေ

"ဒါဆို အဲ့ရက်လောက်မှဘဏ်မှာဖောင်တင်ပြီးထုတ်လိုက်လေ ပြီးမှကားလက်မှတ်ဝယ်ပေါ့ အရမ်းစိတ်ပူမနေပါနဲ့တော့ ဒီမှာသောင်မသင်နိုင်ပါဘူး"

"သောင်မသင်နိုင်တော့တာသိပေမဲ့ သိတယ်မလား ခရီးထွက်လာတာဆိုတော့နည်းနည်းပါးပါးသုံးချင်သေးတယ်လေ"

A Broken MemoryWhere stories live. Discover now