A Broken Memory
Jeno's POV
~ check today's weather ~ ဆိုတဲ့ဖုန်းပေါ်က button ကိုကျွန်တော်တောက်ခနဲနှိပ်လိုက်တော့
~ ယနေ့တိမ်ထူသည် နေသာသည် မိုးရိပ်မတွေ့ရပါ ~ ဆိုတဲ့သတင်းကြေညာသူမိန်းကလေးအသံနဲ့တူတဲ့အသံတစ်ခုကကျွန်တော့်ကိုတုန့်ပြန်လာတယ်
မိုးရိပ်မရှိဘူး ဆိုတဲ့စကားကရာသီဥတုကျိန်းသေပေါက်သာယာမယ်ဆိုတဲ့စကားပဲလို့ကျွန်တော်သိနေတယ်လေ ဒါကြောင့်ကျေနပ်စွာပြုံးလိုက်မိပြီး အခန်းကိုဝေ့ပတ်ကြည့်လိုက်တယ် ကြမ်းပြင်ပေါ်မှာတုံးလုံးလဲနေကြတဲ့ခရီးသွားအိတ်တွေကိုကျွန်တော်ရေဖို့ပေါ့ ခရီးသွားအိတ်ကလက်ဆွဲပါတဲ့အိတ်အကြီးတစ်လုံးနဲ့ယောက်ျားလွယ်ကျောပိုးအိတ်အကြီးတစ်လုံးပါပဲ အဲ့ဒါကိုမှကျန်မှာကြောက်ပြီးခဏခဏစစ်နေမိတာပဲ ကျွန်တော်မှမစစ်ရင်ဘယ်သူမှစစ်ပေးမယ့်သူမရှိဘူးလေ
ပြီးတော့ဒီတစ်ခေါက်ခရီးကကျွန်တော်တစ်ယောက်တည်းပထမဆုံးထွက်တဲ့ခရီးဖြစ်နေလို့ပါပဲ အရင်ကမိသားစုနဲ့တစ်ကြောင်း ၊ အမျိုးတွေနဲ့တစ်ကြောင်း ၊ သူငယ်ချင်းတွေနဲ့တစ်ကြောင်း ခရီးကြောင်းပေါင်းများစွာဖောက်ခဲ့ပေမဲ့ဒီတစ်ခေါက်ကတော့ကျွန်တော်တစ်ယောက်တည်း ....
အဖေ အမေကတော့ကျွန်တော်တစ်ယောက်တည်းခရီးသွားမယ်ဆိုတာသိတာနဲ့စာတွေတချက်ချက်နဲ့တောက်လျှောက်ပို့နေပါလေရော
တစ်ခုခုကသူတို့ကိုအကြီးအကျယ်စိုးရိမ်နေစေတာမျိုး။ အဲ့စိုးရိမ်တာကြီးကလည်းကျွန်တော့်ကြောင့်ကလွဲရင်ဘယ်သူမှကြောင့်မှမရှိတော့တာကိုလည်းကျွန်တော်သိနေတယ်
အဖေ အမေနဲ့မနေဘဲကျွန်တော့်ဘာသာတစ်ယောက်တည်းအိမ်ခန်းငှားနေလာခဲ့တာ ၆ လကျော်ပြီမို့တစ်ယောက်တည်းခရီးသွားရင်းတည်းခိုရမှာကိုကျွန်တော်မကြောက်ဘူး လူငယ်ကလည်းဖြစ်တဲ့အပြင် အရာရာကိုအကောင်းမြင်တတ်တာကြောင့်ခရီးဟာချောမွေ့လိမ့်မယ်လို့ပဲစိတ်ထဲမှာယုံနေမိတယ်
အကုန်ပြင်ဆင်ပြီးကားဂိတ်ကိုထွက်လာတဲ့အခါမှာ ကားစထွက်မယ့်အချိန်ထက်တစ်နာရီစောရောက်နေတယ် လက်ထဲကကားလက်မှတ်ကိုကြည့်ရင်း ကောင်းကင်ပေါ်မော့ကြည့်လိုက်မိတော့ ကြည်လင်နေတဲ့ကောင်းကင်နဲ့ထိန်ထိန်သာနေတဲ့နေမင်းကြောင့်မျက်လုံးစူးလွန်းလို့ခေါင်းအမြန်ပြန်ငုံ့လိုက်တယ် ဖုန်း software ထဲက weather forecast ကမှန်နေသေးတယ် ဒီနေ့တစ်နေ့လုံးအပြင်ကျွန်တော့်ခရီးစဉ်တစ်လျှောက်လုံးဒီရာသီဥတုပဲဖြစ်နေရင်တော့သိပ်ကောင်းမယ်
YOU ARE READING
A Broken Memory
FanfictionDonation Project Fiction With Nomin - 1st Myanmar Fanpage
