Jeno's POV
ဒုတိယရက်မှာလည်းနိုးနိုးချင်း စုတ်နေတဲ့ဘုံဘိုင်နဲ့မရမကရေချိုးမိုးပြီးစတုဒိသာတန်းစီရပါတော့တယ်
နေ့ခင်းစတုဒိသာစားပြီးတဲ့နောက် အိမ်ခဏပြန် ညစာစတုဒိသာထားပြီးကျွန်တော်နဲ့ Jaemin ပင်လယ်ဘက်ကိုဆက်ထွက်လာကြတယ် ဒီကိုလာတာပင်လယ်ကြည့်ဖို့နဲ့လှိုင်းစီးဖို့ကအဓိကကျတာမို့ဒီနေ့တော့ပင်လယ်ဘက်ရောက်ကိုရောက်ရမယ်ဆိုပြီးမရောက်ရောက်အောင်လာခဲ့ကြတယ်
ကံကောင်းချင်တာက Jaemin အိမ်မှာ လှိုင်းစီးဘုတ်တစ်ခုကဖုန်တက်လျက်ရှိနေလို့ ကျွန်တော်လည်းစီး ၊ ဖုန်လည်းဆေးတဲ့အနေနဲ့ မ လာကြလို့ကမ်းခြေထိပ်က လှိုင်းစီးဘုတ်ငှားတဲ့ဆိုင်မှာတစ်နာရီဘယ်လောက်နှုန်းနဲ့ဆိုပြီးငှားစရာမလိုခဲ့ဘူး ငှားစရာပိုက်ဆံလည်းမရှိကြဘူးလေ
ကမ်းခြေဘက်ရောက်တော့ လှိုင်းအင်မတန်စီးချင်နေတဲ့ကျွန်တော်ကပင်လယ်ထဲကိုလှိုင်းစီးဘုတ်သယ်ပြီးအရင်ဆင်းတာပဲ တစ်ကိုယ်လုံးရေစိုအောင်ကြိုက်သလောက်ဆော့ပြီးမှ ကမ်းစပ်နားမှာကျွန်တော့်ကိုထိုင်စောင့်နေတဲ့ Jaemin ကိုပါရေထဲအတင်းဆွဲချတော့တယ်
ကျွန်တော်ကရေလည်းကူးပြီးလှိုင်းလည်းကြိုက်သလောက်စီးပြီးပြီမို့ ပြန်လို့ရပေမဲ့ကျွန်တော်နဲ့အတူပါလာတဲ့လူတစ်ယောက်ကရေမစိုဘဲပြန်ရတယ်ဆိုတာကြီးကို လူဆိုးစိတ်နဲ့မလိုချင်လို့သူ့ပါရေထဲဆွဲချခဲ့တာပဲ
ကျွန်တော်ဆွဲချတော့သူကအော်ရင်းရုန်း ၊ကျွန်တော်ကအတင်းဆွဲနဲ့ ကမ်းခြေကလူတွေကကွက်ကြည့်ကွက်ကြည့်နဲ့
အဲ့လိုနဲ့နောက်ဆုံးသူ့ကိုရေထဲဆွဲချလာနိုင်ခဲ့တော့တာပဲ သူ့တစ်ကိုယ်လုံးရေစိုသွားတော့ လှိုင်းစီးဘုတ်ပေါ်အတင်းတက်ခိုင်း သူမတက်ရင်တောင်ကျွန်တော်ကအတင်းတင်ရင်းရသောက်လှိုင်းစီးသင်ပေးခဲ့သေးတယ်
ဒီလိုအတင်းနိုင်စားတယ်ဆိုတာကလည်း တစ်အိမ်တည်းအတူနေ အတူစား အတူသန့်ရှင်းရေးလုပ် အတူစတုဒိသာပါတန်းစီခဲ့ကြတဲ့အထိအတူရှိနေခဲ့ကြတာမဟုတ်လား
YOU ARE READING
A Broken Memory
FanfictionDonation Project Fiction With Nomin - 1st Myanmar Fanpage
