Jeno's POV
လောလောဆယ် အစာစားပြီးဆေးသောက်ရမှာမို့ စားပွဲပေါ်တင်ထားတဲ့ နေ့ခင်းကစတုဒိသာလက်ကျန်ကိုယူလာပြီးမီးဖိုခန်းထဲဝင်လာလိုက်တယ် စတုဒိသာရဲ့ပမာဏကိုကြည့်ရရင် Jaemin လည်းစားရသေးတဲ့ပုံမပေါ်ဘူး အဘွားပြောတာတွေကိုလည်းကြောက်ပေမဲ့သေချာတော့မတွေးနိုင်ဘူး ဒီတစ်ခါဖျားတာကတော်တော်လေးပြင်းထန်တာမို့လို့လေ
ဒီလိုမှန်းသိရင် တစ်ခုခုစားဖို့ဝယ်လာခဲ့ပါတယ် ပိုက်ဆံလည်းရနေပြီကို။ စတုဒိသာချည်းပဲ ၃ ရက်လောက်စားနေရတာတော်တော်လေးငြီးငွေ့နေပြီ ဒါပေမဲ့နေကလည်းမကောင်းတော့တစ်နေရာထပ်မဝင်နိုင်တော့တာနဲ့တန်းပြန်လာခဲ့တာ
မီးဖိုခန်းထဲမှာစတုဒိသာကိုပြန်နွှေးဖို့အတွက်ဒယ်အိုးယူဖို့အနောက်အလှည့် ... ကျွန်တော့်ကိုရပ်ကြည့်နေတဲ့ Jaemin ကိုရုတ်တရက်မြင်လိုက်ရလို့ နှလုံးခုန်ထွက်မတတ်လန့်သွားပြီး လက်ထဲကဒယ်အိုးပါလွတ်ကျသွားတယ်
ကျွန်တော်သူ့ကိုရုတ်တရက်မြင်တာမဟုတ်ပါ သူကကျွန်တော်မသိနိုင်လောက်အောင်ရုတ်တရက်ပေါ်လာတာပဲဖြစ်တယ်
"ပြန်လာတာနောက်ကျလိုက်တာ"
သူကကျွန်တော်လွတ်ကျသွားတဲ့ဒယ်အိုးကိုကောက်ယူရင်းပြောတယ်
"အင်း"
သူကကျွန်တော့်ကိုသေချာအကဲခတ်ပြီး
"မင်းမျက်နှာတွေနီနေသလိုပဲ ဖျားနေတာလား"
ချက်ချင်းကျွန်တော့်အနားကိုကပ်လာပြီးကျွန်တော့်နှဖူးကိုစမ်းဖို့သူ့ရဲ့လက်ကိုရှေ့တိုးလာတယ် သူ့လက်ကကျွန်တော့်နှဖူးကိုထိဖို့နည်းနည်းပဲလိုတဲ့အနေအထားမှာကျွန်တော်ကအလန့်တကြားနဲ့သူ့လက်ကိုပုတ်ထုတ်လိုက်တယ်
သူကအရိုင်းခံလိုက်ရသလိုခံစားလိုက်ရတာကြောင့်ကျွန်တော်နဲ့ဝေးရာကိုပြန်ဆုတ်လိုက်ပြီးဘာမှမပြောဘဲကျွန်တော့်ကိုသာကြည့်နေတော့တယ်
"ahh ဟုတ်တယ် မနေ့ကရေကစားပြီးအင်္ကျီကျွတ်နဲ့အိပ်မိလို့ထင်တယ်"
YOU ARE READING
A Broken Memory
FanfictionDonation Project Fiction With Nomin - 1st Myanmar Fanpage
