"ဟေ့!!! ခင်ဗျားစကားပြောတာလွန်မလာနဲ့ ကျွန်တော်ကလည်းကျွန်တော်ဖြစ်ခဲ့တဲ့အမှန်ကိုပြောပြတာ အခုသူကမရှိလို့ကျွန်တော်ထူးဆန်းနေရုံပဲ ကျွန်တော်ကခရီးသွားတစ်ယောက်ခင်ဗျားတို့ပြောနေတဲ့လူမနေတဲ့အိမ်ထဲခိုးဝင်နေတဲ့ အိမ်မဲ့တစ်ယောက်မဟုတ်ဘူး သွားဆိုရင်သွားပေးမယ် စကားတွေတော့ဒီ့ထက်လွန်မလာနဲ့"
ကျွန်တော်အားရ ဟောက်ဟမ်းပြီး တစ်ခုတည်းသော ကားလက်မှတ်ပါသော ဆေးအိတ်နဲ့ အမေလွှဲလိုက်ငွေပါသောခေါက်ပိုက်ဆံအိတ်အသစ်တို့ကိုယူပြီးထွက်လာခဲ့တော့တယ်
အောက်ရောက်မှ ဆိုင်တစ်ဆိုင်ရဲ့နာရီကိုငုံ့ကြည့်လိုက်တော့ မနက် ၁၀ နာရီကျော်။ ကားကည ၇ နာရီမှထွက်မှာမို့ နေမကောင်းရဲ့သားနဲ့တစ်နေကုန်မြို့ပတ်ပြီးကျင်လည်ရဦးမယ်
Jaemin ကအဲ့အိမ်မှာတကယ်ရှိမနေဘူးပဲ ဒါဖြင့်ရင်သူက ဟိုလူတွေပြောသလို အိမ်မဲ့တစ်ယောက်ဖြစ်နေပြီး လူမရှိတဲ့အိမ်ထဲခိုးဝင်နေတာများလား
ဘယ်သူ့ရဲ့အခိုင်းအစေမှမပါဘဲကျွန်တော်အနောက်လှည့်ကာ အိမ်ခန်းရဲ့ပြတင်းပေါက်ဘက်ကိုကျွန်တော်မော့ကြည့်လိုက်တယ်
ပြတင်းပေါက်မှာလူတစ်ယောက်က မလှုပ်မယှက်မတ်တပ်ရပ်နေပြီးကျွန်တော်ထွက်သွားတာကိုခံစားမှုမဲ့စွာစိုက်ကြည့်နေတယ်
အဲ့လူက ကျွန်တော်မဆင်းလာခင် အိမ်ခန်းထဲအနှံ့ရှာပေမဲ့မတွေ့ခဲ့တဲ့ Jaemin ပါပဲ
ကျွန်တော်တစ်ပြိုင်တည်းမှာပဲ ကြောက်လန့်စွာ ၊ ထူးဆန်းစွာနဲ့တုန်လှုပ်မိပြီး စက္ကန့်အတော်ကြာပြတင်းပေါက်ကသူ့ကိုငေးကြည့်နေမိသေးတယ် အဲ့နောက် ဒီအိမ်ခန်းနဲ့ဒီမြို့ကနေအမြန်ပြန်မှရမယ်ဆိုတဲ့စိတ်နဲ့ကျွန်တော်အပြေးထွက်လာခဲ့တော့တာပဲ
>>>>>>>>
>>>>>>>>
>>>>>>>>
>>>>>>>>
>>>>>>>>
At Seoul
ကျွန်တော့်ရဲ့ဦးနှောက်အမှေးပါးလေးတွေထဲကိုအသိဝင်လာချင်းမှာ ၊ မျက်လုံးထဲကိုအလင်းတန်းဝင်လာချင်းမှာပဲ ကျွန်တော်လှဲနေရာက ဝုန်းခနဲတရှိန်ထိုးထလိုက်တယ်
"Jaemin?!!"
ဘာဖြစ်သွားတာလဲကျွန်တော်မသိလိုက်ပေမဲ့ ပြန်နိုးလာတဲ့အချိန်မှာချမ်းတုန်နေတဲ့ခံစားချက်ကတစ်ဝက်လောက်လျော့နေပြီး ကိုယ်အပူချိန်လည်းပြန်ကျသွားတယ်လို့ခံစားနေရတယ်
နိုးနိုးလာချင်း သတိရမိတာက Jaemin
ကောင်းသောသတိရခြင်းတော့မဟုတ်
အခုချိန်ကျွန်တော်သူနဲ့အတူရှိနေတုန်းလားဆိုတဲ့အတွေးနဲ့ကျွန်တော်သူ့ကိုသတိရမိတာပဲ ကျွန်တော်သူနဲ့အတူရှိမနေချင်တော့ဘူး သူနဲ့အတူမနေချင်တော့ဘူး
သူက Jaemin ဆိုတဲ့နာမည်ရှိတဲ့သူဆိုတာကလွဲရင်ကျန်တာဘာမှမသိရတဲ့သူနဲ့ကျွန်တော်ဆက်ပြီးအတူရှိမနေချင်တော့ဘူး တစ်စက္ကန့်မှတောင်မနေချင်တော့တာမျိုး။ သူနဲ့ရှိနေရမှာကိုကြောက်တယ် သူကျွန်တော့်နားရှိနေမှာကိုလည်းကြောက်တယ်
သူ့နာမည်ကိုအော်ခေါ်မိပြီးမှ ဘေးဘီကိုအကဲခတ်တော့ကျွန်တော်ကကုတင်တစ်ခုပေါ်မှာရှိနေပြီးကုတင်ဘေးမှာ လူအနည်းငယ်ရှိနေတယ် ဒီလူတွေထဲမှာ Jaemin မပါမှကျွန်တော် စိတ်သက်သာသွားတဲ့သက်ပြင်းကိုချလိုက်မိတော့တယ်
"သား!! သား အမေလေ အမေ ဒီမှာ"
"အမေ..."
ကျွန်တော့်ကိုယ်ပေါ်ရောက်လာတဲ့အမေ့လက်တွေကိုကျွန်တော်အားကိုးတကြီးနဲ့ပြန်ကိုင်လိုက်မိတယ် အမေ့မျက်နှာကအခုမှစိုးရိမ်မှုတွေလျော့ကျသွားတဲ့ပုံစံနဲ့။
YOU ARE READING
A Broken Memory
FanfictionDonation Project Fiction With Nomin - 1st Myanmar Fanpage
Part 5
Start from the beginning
