အခုဒီလူတွေနဲ့အချေအတင်ပြောခါမှညကအဘွားရဲ့ လူမနေတာ ၈ နှစ်ရှိပြီးဆိုတဲ့စကားကိုကျွန်တော်ပြန်သတိရသွားသလို အဲ့စကားကြောင့်ပဲညကကျွန်တော်ကြောက်ခဲ့မိတာကိုပါပြန်မှတ်မိလာတယ် ဒါကြောင့်ကျွန်တော့်ရဲ့စကားကိုအမြန်ရပ်လိုက်မိတာပဲဖြစ်တယ်
"Na Jaemin??? ဒီမှာ.... ဒီအခန်းကလေ လူမနေတာ နှစ်တော်တော်ကြာပြီ ပိုင်ရှင်ကလည်းထောင်နန်းစံနေရလို့ သူ့အိမ်နဲ့သူတောင်မဆိုင်တော့သလောက်ဖြစ်နေပြီ ဒါကြောင့်ငါတို့ကုမ္ပဏီကတရားဝင်လက်မှတ်နဲ့ဝယ်လိုက်တာပဲ ငါတို့ဝယ်ထားတာ ၃ လလောက်ရှိပြီ အခုမှပြင်ဆင်စရာရှိတာပြင်မလို့လာခဲ့တာ"
သူတို့ပြောတာကိုကျွန်တော်မငြင်းပါ အဘွားရဲ့စကားအတိုင်းသူတို့လည်းတစ်ထစ်ရာတည်းထွက်ကြတာမလို့ကျွန်တော်ဘယ်လိုမှငြင်းလို့မရ။ ကျွန်တော်ကိုယ်တိုင်ကလည်း ဒီစကားတွေကိုယုံတာမဟုတ်သေးတာတောင်မှသံသယဝင်စပြုလာလို့ပြန်ငြင်းဖို့ကိုစိတ်ထဲမရှိတော့တာ
ဒီလိုဆိုတကယ်တစ်ခုခုမှားနေပြီပဲ ကျွန်တော်မှားနေတာမဟုတ်ဘဲနဲ့ ကျွန်တော်နဲ့ ၃ ရက်ကျော်လောက်အတူနေနေတဲ့ Nae Jaemin မှားနေတာပဲနေမယ်
"မင်းတို့ဝင်လာတုန်းကသူ့ကိုမတွေ့ဘူးလား"
"ဒုက္ခပါပဲ ဒီကောင်လေးတော့!!! လူမနေတာကြာတဲ့အိမ်မှာဘယ်သူ့ကိုထပ်တွေ့ရဦးမှာလဲ မင်းကိုသာဒီမှာအိပ်ရင်းတွေ့တာ"
ကျွန်တော်ခေါင်းထဲတော်တော်ရှုပ်ထွေးနေတာနဲ့ ကျွန်တော်မီးဖိုခန်းတွေရော ၊ အိမ်သာထဲတွေရော အိမ်ခန်းရဲ့တစ်နေရာမှမကျန်အောင်ကျွန်တော်လျှောက်ပတ်ပြီးရှာကြည့်တယ် အဲ့လူတစ်စုကတော့ကျွန်တော့်ကိုတော်တော်လေးအမြင်ရှုပ်ပြီးကန်ထုတ်ချင်ပုံပါပဲ သူတို့ကန်ထုတ်လို့မှမသွားရင်ကျွန်တော့်ပါထောင်ထဲပို့မယ့်ပုံ
အိမ်ခန်းရဲ့နေရာအနှံ့ကိုသေချာရှာတာတောင် ကျွန်တော် Jaemin ကိုမတွေ့ပါ ညကတင်ကျွန်တော်သူ့ကိုသေချာတွေ့သေးတာ သူကျွန်တော်နဲ့အတူအိပ်သေးတာ ဘာလို့??? အခုမှမတွေ့ရတာလဲ
"ဟေ့!!! ဘယ်သူမှမရှိဘူး ဒီမှာ မင်းပဲရှိနေတာ ဝေ့လည်ကြောင်ပတ်လုပ်မနေနဲ့ အရူးလေး မင်းအခုထွက်မသွားရင်ရဲလက်အပ်ရလိမ့်မယ် လူမနေတဲ့အိမ်တွေထဲဝင်ပြီး မိုးလုံလေလုံလိုက်ခိုးနေနေတဲ့ မင်းလိုအိမ်မဲ့တွေရဲ့အထာတွေရိုးနေပြီ ငါတို့ကလူမနေတဲ့အခန်းတွေ မြေတွေလိုက်ဝယ်နေကျ။ အိမ်မဲ့တွေကိုရာကျော်မောင်းထုတ်လာတာ မင်းကိုတော့..."
YOU ARE READING
A Broken Memory
FanfictionDonation Project Fiction With Nomin - 1st Myanmar Fanpage
Part 5
Start from the beginning
