"ကျွန်တော်ကဒီညပဲပြန်မှာ ဒီမှာခဏလာတည်းတာ"

"မင်းကဘယ်သူ့ခွင့်ပြုချက်နဲ့ဒီမှာလာတည်းနေရတာလဲ မင်းကတကယ်ခရီးသွားရော ဟုတ်ရဲ့လား"

"ကျွန်တော်ခရီးသွားဟုတ်မဟုတ်သေချာချင်ရင်ကျွန်တော်စီးလာတဲ့ကားဂိတ်ကိုဖုန်းဆက်မေးလို့ရတယ် ပြီးတော့ဒီမှာလည်းကားလက်မှတ် ဒီညပြန်မှာ"

ကျွန်တော်လည်းစားပွဲပေါ်မှာရှိနေတဲ့ဆေးထုပ်ထဲကကားလက်မှတ်ကိုထုတ်ပြလိုက်တယ်

"မင်းကဘာလို့ဒီမှာလာတည်းရတာလဲ"

"လမ်းမှာပိုက်ဆံအိတ်သူခိုးခိုးခံရတာနဲ့ ကျွန်တော်နဲ့လမ်းခရီးမှာမိတ်ဆွေဖြစ်လာတဲ့လူတစ်ယောက်ကသူ့အိမ်မှာလာတည်းပါဆိုတာနဲ့ဒီကိုရောက်လာတာ"

"ဘယ်လို????!!"

သူတို့ကအချင်းချင်းထူးဆန်းတဲ့အကြည့်တွေနဲ့ကြည့်လိုက်ကြတယ် ပြီးတော့ခဏကြာတော့ အားရပါးရအုပ်စုလိုက်ရယ်လိုက်ကြတယ် ကျွန်တော်ပြောတဲ့အထဲမှာရယ်စရာတစ်ခုဆိုတစ်ခုမှမပါတာကိုရယ်နေတာကကျွန်တော့်ကိုသက်သက်မဲ့လှောင်ရယ်နေသလိုခံစားရတယ်

"ဘာလဲဟ ခင်ဗျားတို့တွေက...."

ကျွန်တော်ကမကြိုက်တဲ့သဘောနဲ့လေသံမာလိုက်တော့သူတို့ကရယ်နေတာကိုအရှိန်သတ်လိုက်ကြတယ်

"ဒီမှာ... ကောင်လေး.... ငါတို့ကနာမည်ကြီးကုမ္ပဏီတစ်ခုကလူတွေပဲ ငါတို့သူဌေးကဒီအခန်းကိူဝယ်လိုက်တာ ဒီမှာရုံးခန်းဖွင့်ဖို့။ ငါတို့ပိုင်တဲ့အခန်းမှာမင်းကတရားမဝင် ဝင်အိပ်နေတာလေ"

"ဘာတွေပြောနေတာလဲ ဒီအခန်းက ..... လူတစ်ယောက်ပိုင်တာ အဲ့လူ... ငါ့သူငယ်ချင်းပိုင်တာ သူ့ခွင့်ပြုချက်နဲ့ငါလာတည်းနေတာ"

"မင်းသူငယ်ချင်း??? သူပိုင်တာ???"

"ဟုတ်တယ် သူပိုင်တာ Na Jaemin ပိုင်တာ မင်းတို့ကသာ...."

ကျွန်တော်စကားကိုကြောင်သေတစ်ကောင်ရုတ်တရက်တွေ့သလိုရပ်လိုက်တယ် ညကဆေးသောက်ပြီးအိပ်ထားတာရော ၊ နေမကောင်းတာရောကြောင့်ကျွန်တော့်ရဲ့ဦးနှောက်အရင်လ်ုသိပ်မသွက်ဘူး ညကအဘွားရဲ့စကားကိုကျွန်တော်လုံးဝကိူမေ့နေခဲ့တာ

A Broken MemoryWhere stories live. Discover now