"တကယ်တော့ ငါ့အတွက်ဒီစာအုပ်ထဲကစာတွေက ကဗျာတွေထက်ကိုပိုတန်ဖိုးရှိတယ်"

သူ့စကားကသိပ်လေးနက်နေလို့ကျွန်တော်ဘာပြန်ပြောရမှန်းမသိတော့ဘဲနဲ့ ပြုံးရုံသာပြုံးပြပြီးပူပူနွေးနွေးညစာစတုဒိသာကိုသာပါးစပ်ထဲထိုးထည့်လိုက်တော့တယ် ဘာပြန်ပြောရမှန်းမသိတဲ့အနေအထားမှာစကားလုံးတွေလည်းကျွန်တော်အမြန်မရှာနိုင်ဘူးလေ ဘာလို့ဆိုတော့ကျွန်တော့်ရဲ့ကိုယ်အပူချိန်ကဆေးမဝင်မချင်းပိုပိုတက်လာလို့ပဲ

အပူချိန်ပိုတက်လာလေ လူကနေရထိုင်ရပိုခက်လာလေဖြစ်လာတယ် ဒါ့ကြောင့်အစားအမြန်သွင်းပြီး ဆေးသောက်ပြီးဘာမှမသိအောင်အိပ်လိုက်ချင်တော့တာ ကြောက်စိတ်နဲ့ထိတ်လန့်စိတ်တွေကရှိနေပေမဲ့ နေမကောင်းတဲ့ကျွန်တော့်ရဲ့ခန္ဓာကိုယ်ကိုမတွန်းလှန်နိုင်ပါဘူး

>>>>>>>>

မနက်ရောက်တော့ ...

ကျွန်တော့်ရဲ့ခြေထောက်ကိုတစ်ယောက်ယောက်ကအဆက်မပြတ်လာကန်နေသလိုခံစားရတယ်

"ဟေ့လူ!!! ဟေ့လူ ထ!!! ထစမ်း"

ပြီးတော့အိမ်ခန်းထဲကိုဝင်လာတဲ့ခြေသံပေါင်းများစွာကိုလည်းကြားရသလို လူအများကြီးစကားပြောနေကြတဲ့ဆူညံသံတွေကိုလည်းကြားရတယ်

ကျွန်တော်မျက်လုံးဖွင့်ကြည့်တော့ ပြတင်းပေါက်ကအလင်းရောင်ကြောင့်မျက်လုံးတွေကျိန်းသွားပေမဲ့ပြန်ပိတ်ချိန်မရတဲ့အထိလှဲနေတဲ့ကျွန်တော့်ကိုလူ ၂ ယောက်ကအတင်းဆွဲထူကြတယ်

ဘာတွေဖြစ်လို့ဖြစ်နေမှန်းမသိဘဲအတင်းဆွဲထူခံလိုက်ရတဲ့ကျွန်တော်ကတော့ မိုက်ခနဲမူးပြီးခေါင်းပါကိုက်သွားလို့ မလှုပ်မယှက်နဲ့နည်းနည်းငြိမ်နေလိုက်ရတယ် ကျွန်တော်မတွေ့ဖူးတဲ့လူတစ်စုကအိမ်ခန်းထဲမှာရှိနေပြီးကျွန်တော့်ကိုလည်းထူးဆန်းစွာကြည့်နေကြတယ် ကျွန်တော်လည်းပဲသူတို့ကိုမျက်မှောင်ကုတ်ပြီးထူးဆန်းစွာပြန်ကြည့်နေမိတယ်

"မင်းကဘယ်သူလဲ ဘာလို့ဒီမှာရှိနေရတာလဲ"

သူတို့ထဲကလူတစ်ယောက်ကကျွန်တော့်ကိုရင့်ရင့်မာမာနဲ့မေးတယ်

A Broken MemoryDonde viven las historias. Descúbrelo ahora