"အင်း မစမ်းကြည့်ရပေမဲ့မျက်မှာတွေပါနီနေပုံထောက်ရင်အဖျားကြီးနေတဲ့ပုံပဲ သွားနားနေ ငါပဲနွှေးလိုက်မယ်"

"အင်း ကျေးဇူး"

တကယ်တော့ကျွန်တော်ဘာသာနွှေးလိုက်လည်းရပေမဲ့ သူ့လက်ကိုပုတ်ထုတ်လိုက်မိလို့အားနာလို့မီးဖိုခန်းထဲမှာသူနဲ့နှစ်ယောက်တည်းအတူရှိနေတာကျွန်တော်နေလို့မတတ်တာကြောင့်သူ့ကိုထားပြီးထွက်ခဲ့ချင်လို့ပါပဲ

​မီးဖိုခန်းကထွက်လာပြီးစားပွဲမှာထိုင်ရင်းဆေးခန်းကယူလာတဲ့ ဆေးတွေနဲ့ဘယ်လိုသောက်ရမယ်ဆိုတဲ့ဆေးညွှန်းတွေကိုဖတ်နေလိုက်တယ် ဆေးတွေကမများလို့ဆေးညွှန်းဖတ်တာမြန်မြန်ပြီးသွားတယ် စားပြီးတာနဲ့တန်းသောက်ဖို့ဆေးတွေပါဖောက်ထားပြီးဘေးမှာအဆင်သင့်ထားလိုက်တယ် ဒါပေမဲ့ Jaemin ကအခုထိနွှေးလို့မပြီးသေးဘူး

ရှင်းနေတဲ့စားပွဲပေါ်မှာကျွန်တော့်ရဲ့ဆေးတွေနဲ့ စာအုပ်တစ်အုပ်ရှိနေတယ်

ဒါ Jaemin ကားပေါ်မှာကတည်းကဖတ်နေတဲ့စာအုပ်ပဲ အခုမှသေချာမြင်ရလို့ကြည့်ခါမှ နာမည်ကြီးကဗျာစာအုပ်ဖြစ်နေတယ် ဒါပေမဲ့ကျွန်တော်က ကဗျာဘာညာတွေသိပ်စိတ်ဝင်စားတဲ့သူမဟုတ်တော့မြင်နေရတဲ့အဲ့စာအုပ်ကိုဆွဲယူပြီးဖတ်ရလောက်တဲ့အထိတော့မဖြစ်ခဲ့ဘူး

"ကဗျာကြိုက်လို့လား"

ကျွန်တော်သူ့စာအုပ်ကိုကြည့်နေတဲ့အချိန်မှာ သူကမီးခိုခန်းထဲကနေဇလုံတစ်လုံးယူပြီးထွက်လာတယ် ကျွန်တော့်ရဲ့အကြည့်တွေကသူ့စာအုပ်ဆီရောက်နေတာကိုမြင်သွားလို့ဒီအမေးကိုမေးတာဖြစ်မယ်

ကျွန်တော်ခေါင်းခါလိုက်ပြီး

"ဟင့်အင်း ငါစာဖတ်ရတာမကြိုက်ဘူး မင်းကတော့ကြိုက်မယ့်ပုံပဲ"

"ငါလည်းမကြိုက်ဘူး ငါကဒီစာအုပ်တစ်အုပ်ပဲကြိုက်တာ ထပ်ခါထပ်ခါဖတ်ဖြစ်တဲ့အထိကြိုက်တယ်"

"ဒီကဗျာစာအုပ်နာမည်ကြီးနေတာတော့သိတယ် ဒါပေမဲ့မဖတ်ဖူးဘူး ထပ်ခါထပ်ခါဖတ်ရတဲ့အထိတောင်ကောင်းလို့နာမည်ကြီးတာထင်တယ်"

ကျွန်တော်ကယဉ်ကျေးမှုအရပြုံးပြီးပြောပေမဲ့သူကပြုံးမလာပါ နည်းနည်းအင်တင်တင်ဖြစ်သွားတယ် ပြီးမှသူယူလာတဲ့အငွေ့တထောင်းထောင်းထနေတဲ့ဇလုံကိုကျွန်တော့်အရှေ့မှာချပြီး

A Broken MemoryWhere stories live. Discover now