"လူသစ်ရောက်လာတယ်? ကိစ္စတွေ??"

"အခုခေတ်လူငယ်တွေလည်းခက်တာပဲ အခန်းတစ်ခန်းကိုငှားတာပဲဖြစ်ဖြစ် ဝယ်တာပဲဖြစ်ဖြစ်စုံစမ်းမယ်ကိုမရှိကြဘူး အခန်းဖြစ်ရင်ပြီးရောဆိုပြီးတော့ဝယ်ငှားသလားကွယ် မင်းကွယ် အ လိုက်ရော..."

"ဟုတ်"

ဒီအဘွားဘာတွေလာပြောနေလဲကျွန်တော်မသိလို့ကျွန်တော်လည်း ဟုတ် ကလွဲရင်ဘာမှပြန်မဖြေတတ်။ nae? ကတော့ဖြေတာများလွန်းလို့အဘွားမကြိုက်တော့လို့ ပါးစပ်ကထပ်မထွက်လိုက်တာပါ

"အဲ့အခန်းကလေ အရင်ကလူသတ်သမားတစ်ယောက်ပိုင်တဲ့အခန်း။ အဲ့လူသတ်မှုကဒီမြို့မှာတော်တော်ကိုနာမည်ကြီးသွားတယ် ရဲတွေကလူသတ်သမားကိုနောက်ယောင်ခံပြီးရှာရင်းနဲ့နောက်ဆုံးတော့လူသတ်သမားကအဲ့အခန်းကလူဖြစ်နေတာပဲ သူ့ကိုဖမ်းသွားပြီးတစ်သက်တစ်ကျွန်းစီရင်လိုက်တယ်လေ အဲ့အချိန်ကစပြီး ဒီမြို့ကလူအကုန်ကသူ့အခန်းကိုပစ်ထားကြတာပဲ အမှုကလည်းနာမည်ကြီးတော့သူ့အခန်းကိုဘယ်သူကမှရောင်းတာ ဝယ်တာ ငှားတာမလုပ်ရဲကြ မလုပ်ချင်ကြဘူး လူသတ်သမားကလည်းတစ်ယောက်တည်းနေတဲ့သူကဖြစ်နေတော့ သူမရှိတော့ အဲ့အခန်းကြီးကလူမနေဘဲအဲ့အတိုင်းကြီးဖြစ်နေတာပဲ"

ဖျားနေတဲ့ကိုယ်အပူချိန်တောင် ၂ ဆလောက်တက်လာသလိုခံစားလိုက်ရတယ် ချွေးစီးပါပြန်လာပြီးလူကဘယ်နားကအသက်ရှူရမယ်တောင်မသိတဲ့အထိလန့်သွားတော့တာပဲ

လူသတ်သမား? တစ်ယောက်တည်းနေတဲ့သူ? ဘယ်သူမှမနေတော့တဲ့အခန်း?

ဘာတွေလဲ?

"အဲ့ကိစ္စတွေကတကယ်ကြီးဖြစ်ခဲ့တာလားဟင်?

"တကယ်ပေါ့!!! ငါ့အသက်က ၈၀ ရှိပြီ ဒီမြို့မှာမွေးကတည်းကနေလာတာ ငါအကုန်သိတယ်"

"ဒါပေမဲ့လည်းအခုကျွန်တော်ကနေရတာအဆင်ပြေနေတော့လည်း....."

"အေးပါကွယ် နေရတာအဆင်ပြေရင်ပြီးပါပြီ ဘာပဲဖြစ်ဖြစ် အဲ့အခန်းကြီးလည်းလူနေတဲ့သူရှိသွားတော့နောက်လူတွေရောင်းတာ ငှားတာတွေအဆင်ပြေပြေဆက်လုပ်လို့ရတာပေါ့"

"ဒါနဲ့အဘွား"

"ဘာလဲ"

"အဲ့အခန်းမှာကျွန်တော်မလာခင်လူမရှိတာသေချာလား"

"သေချာတာပေါ့!!!!"

အဘွားကတအားသေချာနေလို့ပိုက်ဆံကြေးနဲ့တောင်လောင်းရဲတဲ့လေသံနဲ့ပြန်ဖြေတယ်

"အဲ့အမူက လွန်ခဲ့တဲ့ ၈ နှစ်လောက်ကဖြစ်တာ အဲ့တော့အဲ့အခန်းမှာလူမနေတာ ၈ နှစ်လောက်ရှိပြီ"

>>>>>>>>>

ကျွန်တော်အခန်းတံခါးဖွင့်ပြီးပြီးချင်း အလန့်တကြားမီးခလုတ်ကိုပါဖွင့်ချလိုက်တယ် ကျွန်တော် Jaemin ကိုမတွေ့ရဘူး အဖျားရှိန်နဲ့လူကမူးဝေဝေဖြစ်နေတဲ့အပြင်အမြန်အိပ်လိုက်ချင်ပြီမို့ စောနကတင်ကြားလာရတဲ့စကားတွေကြောင့်လည်းကြောက်လာတာကပါတော့ လူကတုန်ပါတုန်နေတယ်

ကျွန်တော်တံတွေးတစ်ချက်မျိုချပြီး ဘယ်သူမှမရှိတဲ့အိမ်ခန်းကိုကျွန်တော် အတော်ကြာကြာဟိုကြည့်ဒီကြည့်နဲ့ရှာနေမိသေးတယ် ကျွန်တော်ရှာနေတာက Jaemin ကို...

အခုချိန်လောက်ဆိုရင်သူအိမ်ပြန်ရောက်လောက်ပါပြီ သူ့ကြည့်ရတာကျွန်တော့်ထက်တောင်အေးဆေးနေတတ်တဲ့သူမို့ စတုဒိသာတန်းစီပြီးဘယ်မှဟိုဟိုဒီဒီဝင်မယ့်သူမျိုးလည်းမဟုတ်ပါဘူး တော်ရုံဆိုရင်ကျွန်တော်သူ့ကိုမရှာပါဘူး သူနဲ့အတူရှိခဲ့တဲ့ ၃ ရက်လုံးကလည်း သူနဲ့ကျွန်တော်ဒီလိုတစ်ခါမှခွဲပြီးမသွားခဲ့တာမို့ အချိန်ပြည့်သူ့ကိုမြင်နေရတာချည်းပါပဲ

အခုမှအဘွားရဲ့စကားတွေကြားပြီးရင်ထဲတလန့်လန့်နဲ့ဖြစ်နေလို့ သူ့ကိုရှာနေမိတာဖြစ်တယ်

ကျွန်တော်သူနဲ့နေနေတာ ကျွန်တော်အခုရှိနေတဲ့အိမ်ခန်းကလူနေတယ် ဆိုတာမျိုးကိုကျွန်တော်ကိုကျွန်တော်ခေါင်းထဲအတင်းရိုက်သွင်းနေမိတာမလို့သူ့ကိုရှာနေမိတာပဲဖြစ်တယ် ကျန်တာဘာကိစ္စကြောင့်နဲ့မှမဟုတ်။

ပြီးတော့ အဘွားပြောတဲ့လူမနေတာ ၈ နှစ်ရှိပြီဆိုတဲ့အိမ်ခန်းနဲ့ ကျွန်တော်စရောက်ရောက်ချင်းတုန်းက ဖုန်ထူထပ်ပြီးလေရှူတိုင်းဖုန်နံ့ရနေတဲ့အိမ်ကြီးရဲ့ပုံစံတွေနဲ့သွားပြီးယှဉ်မိတော့တဖြည်းဖြည်းကျောထဲစိမ့်ပြီးအေးလာတယ် ကျွန်တော်ပဲဖျားနေလို့ချမ်းနေတာလား ကြောက်လို့ပဲအေးနေတာလား နေမကောင်းလို့ပဲရောက်တတ်ရာရာတွေတွေးနေမိတာလားမပြောတတ်တော့ပါဘူး

A Broken MemoryDonde viven las historias. Descúbrelo ahora