အမေလွှဲတဲ့ပိုက်ဆံရရချင်းဆေးခန်းပြရတယ်လို့

စိတ်ထဲအဆင်မပြေလိုက်တာ

ဆေးထုပ်ထဲမှာကျွန်တော်ဝယ်လာတဲ့ ကားလက်မှတ်ပါလာရဲ့လားလို့မွှေရှာနေတုန်း လမ်းလျှောက်သံကြားလို့ လူလာတယ်ဆိုပြီးကြည့်တောင်မကြည့်ဘဲကျွန်တော်ဘေးကိုကပ်ပေးလိုက်တယ် ကားလက်မှတ်ကိုအမြန်ဆေးထုပ်ထဲဖြစ်သလိုထည့်ခဲ့ပေမဲ့အရေးကြီးတာမို့ အခုမှမွှေရှာနေရလို့ဘာကိုမှမကြည့်ဖြစ်ပါဘူး

ဆေးကတ် နှစ်ကတ်ကြားမှာညပ်နေတဲ့စက္ကူအထူစလေးကိုကျွန်တော်ဆွဲထုတ်လိုက်တယ်

မနက်ဖြန်ည seoul ကိုထွက်မယ့်ကားလက်မှတ်တစ်စောင်။

တော်သေးတယ် ပါလာသေးလို့

"တူလေး"

အသံကကျွန်တော်နဲ့နီးကပ်လွန်းလို့ ကျွန်တော့်ကိုခေါ်တယ်ဆိုတာထင်ရှားလွန်းတယ်

"nae?"

ပြန်ထူးရင်းကြည့်လိုက်တော့အဘွားတစ်ယောက်ကကျွန်တော့်ကိုမော့ကြည့်နေတယ် ဒီအဘွားကိုကျွန်တော်မသိသလိုအဘွားကလည်းကျွန်တော့်ကိုသိစရာအကြောင်းတော့မရှိဘူး ကျွန်တော်ကဒီမှာ ၃ ရက်လောက်ပဲနေရသေးတဲ့ခရီးသွားတစ်ယောက်လေ ဒါပေမဲ့ကျွန်တော်ဒီအဘွားကိုမြင်ဖူးသလိုလိုနဲ့ရင်းနှီးနေသလိုပဲ

ပြီးတော့မှ စိတ်ထဲမှာ ဪ ခနဲညည်းပြီးသတိရသွားတာက Jaemin နဲ့ကျွန်တော်အတူလိုက်လာတုန်းက corridor လျှောက်လမ်းမှာနေရာမလွတ်ဖြစ်နေလို့ကျွန်တော်လမ်းဖယ်ပေးခဲ့ရတဲ့အဘွားပဲ

"မင်းက 6 လွှာ အခန်း 12 ကလူလေးမလား"

"nae? ahh ဟုတ် .."

အဲ့အခန်းကမဟုတ်ပေမဲ့လည်းအဲ့အခန်းမှာလောလောဆယ်နေနေတာမို့ ပေရှည်ပြီးမရှင်းပြတော့ဘဲ ဟုတ် လို့သာဖြေလိုက်တော့တယ်

"အဲ့အခန်းကိုဘယ်လောက်နဲ့ဝယ်လိုက်တာလဲ"

"nae?"

"ဪ မင်းနှယ့်!! ဘာမေးမေး nae? nae? ဖြစ်နေတာပဲ ဒါလေးတောင်မဖြေနိုင်ဘူးလား အဲ့အခန်းကဘယ်သူမှလာမကြည့်တာကြာလှပြီ ကိစ္စတွေဖြစ်ပြီးကတည်းကပေါ့ အခုမှလူလေးကအဝင်အထွက်လုပ်နေတော့ လူသစ်ရောက်လာပြီထင်တာ"

A Broken MemoryWhere stories live. Discover now