"အင်းလေ"

"မင်းလည်းငါ့လိုမွဲနေတယ်ဆိုတာသိပေမဲ့ မင်းကတောင်းစားနေတဲ့သူလည်းမဟုတ်ဘူးဆိုတာသိတယ် ဒါပေမဲ့တောင်းစားတော့မယ့်အတိုင်းနေနေတာလည်းသိတယ် ထားပါတော့တစ်ပတ်မှာ ၄ ရက်ကတော့စတုဒိသာနဲ့အဆင်ပြေတယ် ကျန် ၃ ရက်ကရောမင်းဘယ်လိုစားလဲ"

"Yaaa!!! မင်းငါ့ကိုအထင်သေးလှချည်လား"

"အထင်သေးတာတော့မဟုတ်ပေမဲ့...."

"ငါကလွန်ခဲ့တဲ့တစ်လလောက်ကအလုပ်ပြုတ်လာတာ အလုပ်ရှင်ကအလုပ်ဖြုတ်တဲ့အနေနဲ့ ၃ လစာကြိုထုတ်ပေးလိုက်တယ် အဲ့ငွေလေးမကုန်အောင်ငါ့မှာချွေတာနေရတာ ကြားထဲအလုပ်ရှာနေတာ ၂ ခါလုံးမရဘူးလေ အဲ့တော့နောက်အလုပ်သစ်မရခင်စပ်ကြားမှာချွေတာရမှာမဟုတ်လား အဲ့ဒါကြောင့် ၄ ရက်စာစတုဒိသာစားတော့ ၄ ရက်စာသက်သာတာပေါ့ကွ"

သူရှင်းပြတော့လည်းဟုတ်သားပဲလို့ခေါင်းညိတ်ထောက်ခံမိတယ် ပြီးတော့သူ့တောင်နည်းနည်းအားနာသွားရသလိုလို .....

"aww ဒါနဲ့ စားပြီးရင် ဒီညစာစတုဒိသာတွေနဲ့အရင်ပြန်နှင့် ငါနောက်မှလာခဲ့မယ် ဘဏ်ဝင်စရာရှိလို့"

"ဒီနေ့ငွေလွှဲလိုက်ပြီတဲ့လား"

"အမေပြောတာတော့ဒီနေ့ပေါ့ လွှဲပြီးပြီလားကတော့ အဲ့ဘဏ်ကနေပဲဖုန်းဆက်မေးမှရမယ်"

"အင်း အဲ့ဒါဆိုငါအရင်ပြန်နှင့်လိုက်မယ်"

>>>>>>>>

ဘဏ်နဲ့ဆေးခန်းကအပြန်မှာကျွန်တော်ဆိုင်တစ်ဆိုင်ရဲ့နာရီကိုမြင်ရအောင်ကုန်းကြည့်လိုက်တယ် ညနေ ၇ နာရီ ကိုအမြင်အာရုံကဝါးနေလို့ သဲကွဲအောင်မမြင်ရပေမဲ့ ညနေ ၇ နာရီလောက်ရှိပြီဆိုတာကိုတော့အကြမ်းဖျင်းသိလိုက်ရတယ်

ဘဏ်ကတော့ဦးတည်ရာအရပ်​ဖြစ်ပေမဲ့ဆေးခန်းကတော့မစီစဉ်ဘဲသွားလိုက်ရတဲ့အရပ်ဖြစ်တယ် ကားလက်မှတ်ဌာနကတော့မဖြစ်မနေသွားရတဲ့အရပ်ပေါ့

မနေ့ကအချိန်အကြာကြီးရေဆော့တာရယ် ၊ အင်္ကျီချွတ်အိပ်မိတာရယ် ၊ နေ့ခင်းနေပူထဲတန်းစီတာရယ်နဲ့ဖျားသွားတဲ့ကျွန်တော်က မစီစဉ်ဘဲဆေးခန်းကိုသွားလိုက်ရတော့တာပဲ

A Broken MemoryWhere stories live. Discover now