>>>>>>
Jaemin အိမ်မှာနေတာ ၃ ရက်မြောက်နေ့
၃ ရက်မြောက်ဖြစ်လို့နည်းနည်းတော့နေသားကျလာတာလို့ဖြေရပေမဲ့တကယ်ကျတော့အများကြီးကိုနေသားကျလာတာပါ ကိုယ့်အိမ်လို့ကိုထင်လာမိတဲ့အထိပဲ ဘာလို့ဆိုရင် အဲ့လောက်ထိညစ်ပတ်နေတဲ့အိမ်မှာမနေတတ်တဲ့ကျွန်တော်က ဪ ငါနေရမှာလေ ငါအိပ်ရမှာပဲ ခဏပေမဲ့ အိပ်ရနေရမှာပဲလေ ကိုယ့်အိမ်လိုသဘောထားပြီးသန့်ရှင်းရေးလုပ်နေရလို့ပါပဲ
သူ့အိမ်ရောက်တာလည်း ၃ ရက်မြောက် Gyeongsangbuk ကိုရောက်တာလည်း ၃ ရက်မြောက် ကျွန်တော့်အမေဆီက ၃ ရက်ပြည့်ရင်ငွေလွှဲပေးမယ်လို့ပြောတာလည်းရက်ပြည့်ပြီမို့ ဒီနေ့မနက်အိပ်ရာနိုးရတာပိုပြီးလန်းဆန်းနေပါတယ်
ဒါပေမဲ့ လန်းဆန်းပါတယ်ဆိုမှဂယက်ကရိုက်လာရတယ် မနေ့ကရေဆော့ထားတာကြောင့်တလေတမောအိပ်လိုက်တာ မနက် ၉ နာရီကျော်မှထနိုင်တယ် အဲ့တော့ ဂသိုက်ဂရိုက်နဲ့စတုဒိသာတန်းစီဖို့ပြေးရတာအမော။
စတုဒိသာတန်းစီပြီးရလာရင်အနည်းဆုံး ၁၂ ကျော်နေပြီ စားတာဘာညာနဲ့ဆိုရင် ၁ နာရီကျော်မှပြီးတယ် အပြင်မှာကနာရီကြည့်ချင်ရင် ဆိုင်တစ်ဆိုင်ဆိုင်ကနာရီကိုကုန်းကြည့်လိုက်ရင်သိသေးတယ် မဟုတ်လည်းနာရီပတ်ထားတဲ့လူတစ်ယောက်ကိုမေးလိုက်ရုံပဲ
Jaemin အိမ်မှာကဘာနာရီမှကိုကြည့်မရတာရှိတဲ့နာရီကပျက်နေတာလား ဓာတ်ခဲပဲကုန်နေတာလားပဲ ဒါကိုလည်းသူကမပြင်ဘူး သူကတကယ့်ကိုအပေအတေနေတဲ့ကောင်လေးပဲ ရုပ်လေးကသန့်သန့်ပြန့်ပြန့်လေးမို့ကျွန်တော်အတွေးချော်သွားတယ် သူ့အိမ်ကိုသာလိုက်မနေမိရင် သူကအသန့်အပြန့်ကြိုက်တယ်လို့ထင်နေမိဦးမှာပဲ
seoul ကိုသူတက်လာတုန်းကလည်းသူကအပေအတေနေတတ်လို့အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ပဲတက်လာတာနေမယ် ဘာမှအမေကိုစိတ်ပူလို့အဝတ်အိတ်မပြင်နိုင်တာတွေမဟုတ်လောက်ဘူး
"Yaaa သောကြာ ကနေ တနင်္လာအထိမင်းအပတ်တိုင်း လေးရက်လုံးဒီစတုဒိသာပဲလာစားတာလား"
သူနဲ့ကျွန်တော်နေတာ ၃ ရက်
၃ ရက်လုံးကျွန်တော်နဲ့ပဲစတုဒိသာတန်းစီပြီးစားနေတာမို့မအောင့်နိုင်ဘဲမေးလိုက်တယ်
YOU ARE READING
A Broken Memory
FanfictionDonation Project Fiction With Nomin - 1st Myanmar Fanpage
Part 4
Start from the beginning
