နောက်ဆုံးသူကပါလှိုင်းစီးတာစိတ်ပါလာပြီးတစ်ယောက်တည်းဘုတ်ပြားပေါ်တက်ဒယိမ်းဒယိုင်တွေဖြစ်ကျွန်တော်ကကိုးရိုးကားရားနဲ့လိုက်ထိန်းပေးဖြစ်လာကြပါတော့တယ် ရေကူးနေတဲ့သူတွေကအစ ကမ်းခြေကလူတွေအကုန်ကျွန်တော်တို့ကိုကြည့်ရင်း ရယ်ပြုံးပြုံးနဲ့ တချိုကျတော့လည်း အမလေးနော် ဆိုတဲ့အမူအရာတွေနဲ့

သူတို့အားလုံးကြည့်နေကြတဲ့အထိကျွန်တော်တို့ရဲ့ဒယိမ်းဒယိုင်ပုံစံတွေကတော်တော်လေးဟာသဖြစ်နေတယ်ထင်ပါတယ်

ရေထဲမှာနှစ်ယောက်မောပန်းတဲ့အထိ ဘုတ်ပြားပေါ်တက်လိုက် ရေထဲပြုတ်ကျလိုက် ကျွန်တော်ကစီးပြလိုက် သူ့ကကြည့်ပြီးလိုက်စီးလိုက် တစ်ယောက်တစ်လှည့်ဆော့လိုက်နဲ့အချိန်ကုန်လာခဲ့တာ ညနေစောင်းပြီးခြေကုန်လက်ပန်းကျမှကမ်းပေါ်ပြန်တက်ပြီးမြို့ထဲပြန်ဝင်ခဲ့ကြတော့တယ်

အဲ့ဒုက္ခတစ်ခုကဘယ်လိုစလဲဆိုတော့ အင်္ကျီတွေရေစိုနေတာကစတယ်

ကျွန်တော်ကအိတ်တွေသူခိုးခိုးခံရပြီးတဲ့နောက်အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ဖြစ်လာတာကိုမေ့ပြီး ပင်လယ်ကြီးကိုပဲစိတ်ထဲထည့်ထားတော့ အားရပါးရရေဆော့ပြီးမှလဲစရာမရှိတာကိုသိရတာပါပဲ

ရေဆော့ထားတာဗိုက်ကလည်းဆာနေပြီမို့ Jaemin အိမ်အမြန်ပြန်တော့ သူ့အင်္ကျီတချို့ကျွန်တော့်ကိုငှားတယ် ဒါပေမဲ့ .... ဗီရိုထဲကဆိုပေမဲ့ဖုန်တက်နေတာပါပဲ

"Yaaa မင်းဟာကမဟုတ်သေးဘူး အိမ်ကညစ်ပတ်ဖုန်တက်နေတာထားပါတော့ ဘာကိစ္စအင်္ကျီတွေကပါ... မင်းဝတ်နေကျတွေမဟုတ်လား ဘာလို့ဖုန်တက်နေရတာလဲ"

"မင်းကိုပေးတာတွေကငါဝတ်နေကျတွေမဟုတ်ဘူး ငါမဝတ်တော့တာတွေ အဲ့ဒါကြောင့်ဖုန်တက်နေတာ ဒါပေမဲ့ဗီရိုထဲမှာဆိုတော့အရမ်းကြီးတော့ဖုန်ပေမနေပါဘူး"

"မဝတ်တော့တာတွေ???"

"အင်း ဝိတ်ကျသွားလို့မဝတ်ဖြစ်တော့တာတွေလေ အားနာတာက ငါကငါ့အဝတ်တွေကိုသူများမပေးတတ်ဘူး မင်းအခုဟာတွေမဝတ်တတ်ရင်ငါလျှော်ပေးမယ်လေ"

ဒီလိုနဲ့ပဲ ရေဆော့ထားလို့အရမ်းဗိုက်ဆာနေလို့မနက်ကယူခဲ့တဲ့စတုဒိသာအကျန်ကိုပြန်နွှေးစားရင်းဖုန်တက်နေတဲ့ဘောင်းဘီတိုတစ်ထည်ကိုတော့မဖြစ်မနေအရှက်ကာဖို့အတွက်ဝတ်ပြီးအပေါ်ပိုင်းမဝတ်တော့ဘဲ အောင့်အည်းအိပ်ခဲ့ရပါတော့တယ်

A Broken MemoryDonde viven las historias. Descúbrelo ahora