​အဲ့ညအိပ်ကတည်းက နောက်နေ့မနက်ကစလို့ဘာတွေငိုရပြီးဘာတွေရယ်ရမှန်းကြိုမသိခဲ့ပါဘူး စိတ်ထဲရှိတာကပင်လယ်ကြီးကိုကြည့်ပြီးလှိုင်းစီးမယ်ဆိုတာပါပဲ

နောက်နေ့မနက်လည်းရောက်ရော ရယ်ရငိုရဒုက္ခတွေစခံစားရတော့တာပဲ သူကတော့အေးဆေးဖြစ်နေပြီး ကျွန်တော့်ကိုလည်းစိတ်မပူဖို့ပြောပေမဲ့ ကျွန်တော့်မှာတော့ ဒီဒုက္ခတွေနဲ့ကျင့်သားမရသေးတော့နေရတာအသက်ရှူတိုင်းပင်လယ်ဆားနံ့တောင်မရနိုင်တော့ဘူး

မနက်စာစားဖို့ ၂ ယောက်လုံးမှာပိုက်ဆံမရှိတဲ့အခါဘယ်နားသွားစားရမှန်းမသိတော့ ကယ်တင်ရှင် Jaemin ကပဲကျွန်တော့်ကိုကယ်လက်စနဲ့ဆက်ကယ်ရှာတယ်

"မနက်စာကတော့ရမယ်မထင်ဘူး နေ့လည်နဲ့ညစာကတော့ရနိုင်တယ်"

"ဟမ် ဘယ်လို?"

မနက်စာမှမရှိရင်မနေတတ်တဲ့ကျွန်တော်ကဒီမနက်တော့အငတ်ခံမှရကိုရမယ်ဆိုတဲ့အဓိပ္ပာယ်ကြီးကိုကျွန်တော်ကောင်းကောင်းနားလည်လိုက်ရပါတော့တယ် လက်ထဲမှာကိုင်ထားတဲ့ကျပ်ခိုးလှည်းတံတောင်ပြုတ်ကျချင်သလိုဖြစ်သွားလို့မနည်းပြန်ဆုပ်ကိုင်ထားရတယ်

"နေ့လည်နဲ့ညစာတော့ဝဝလင်လင်စားရမယ် စိတ်ချ ဒီနေ့သောကြာဖြစ်နေတာကံကောင်းတယ်ပြောရမယ်"

"သောကြာနေ့?"

သူပြောတာကိုနားထောင်ရင်းနဲ့ ကျပ်ခိုးလှည်းတံနဲ့မျက်နှာကြက်နဲ့ထောင့်တွေမှာရှိနေတဲ့ ဖုန်တွေနဲ့ပင့်ကူအိမ်တွေကိုရှင်းနေလိုက်တယ် သူကတော့ကျွန်တော်မျက်နှာကြက်ကနေလှည်းချလို့ကြမ်းပြင်ပေါ်ကျကုန်တဲ့ဖုန်နဲ့ပင့်ကူအိမ်အကြွင်းအကျန်တွေကိုလိုက်လှည်းနေတယ်

"အင်း gyeongsangbuk ကလူတွေကသဒ္ဓါတရားထက်သန်ကြတယ် သောကြာ ကနေ တနင်္လာထိစတုဒိသာရှိတယ် ညစာအတွက်ပါယူလို့ရတယ်"

စတုဒိသာ????

ကျွန်တော့်ကိုမျက်လုံးလေးတောက်ပသွားစေတဲ့စာလုံးလေးတွေပေါ့

"ဘယ်လိုယူရမလဲဟင်?"

"အခု ၈ နာရီကျော်မလား? ၁၀:၃၀ လောက်ကနေစပြီးစတုဒိသာကျွေးတဲ့နေရာမှာတန်းစီမှ ၁၂ နာရီစားဖို့နေ့လည်စာရော ညဘက်စားဖို့ညစာပါသယ်လို့ရမှာ တန်းစီတာနောက်ကျလို့စတုဒိသာကုန်ရင်တော့ .... ဆက်မပြောတော့ဘူးနော်"

ဒီလောက်အတိအကျသိနေတာကိုခန့်မှန်းရရင်သူလည်းပဲစတုဒိသာနဲ့အသက်ရှင်နေပုံရတယ်

ဒီလိုနဲ့ ၁၀:၃၀ ကတည်းကစတုဒိသာကျွေးတဲ့နေရာမှာနှစ်ယောက်တန်းစီနေလိုက်တာ ၁၁:၃၀ မှစဝေတဲ့စတုဒိသာကိုနေ့စာပါယူရုံတင်မကညစာပါအပိုဆွဲလာရတော့တယ်

တစ်ခါမှမတန်းစီဖူးတဲ့စတုဒိသာကိုလည်းတစ်ယောက်တည်းခရီးသွားခါမှတန်းစီပြီးညစာပါအပိုဆွဲနေရတယ် အရင်ကတော့အဖေ အမေနဲ့အတူစတုဒိသာလှူဖူးတာပဲရှိတယ် ဒီလိုတောင်းတာကတော့အခုမှအတွေ့အကြုံအသစ်ပါပဲ အဖေ အမေသာသိရင်ကျွန်တော့်ကိုထပ်ဆူဦးမှာ

စတုဒိသာလိုက်စီရတာနဲ့တင်ခြေကုန်လက်ပန်းကျလို့ Jaemin အိမ်တန်းပြန်လာပြီးစားပြီးတာနဲ့ပြန်အိပ်ပျော်သွားတော့တာပဲ ညနေခင်းပြန်နိုးလာပြီးညစာအတွက်စတုဒိသာလက်ကျန်ကိုပြန်နွှေးဖို့ ကျေးဇူးရှင်အမောင် Jaemin ရဲ့ဖုန်တက်နေတဲ့မီးဖိုချောင်နဲ့အိုးခွက်ပန်းကန်တွေတိုက်ချွတ်ဆေးကြောရတာ ည၁၀ နာရီမှစားရခဲ့ရှာတယ်

"ဒါတောင်မင်းကံကောင်းတယ် သောကြာ ကနေ တနင်္လာထိပဲစတုဒိသာကအပတ်တိုင်းရှိတာ ကျန် ၃ ရက်ကတော့ကိုယ့်ဟာကိုယ်ရှာစားပဲ ဒီ ၄ ရက်မကုန်ခင်မင်းမိဘတွေငွေလွှဲဝင်ရင်တော့အဆင်ပြေတာပေါ့"

သူကစတုဒိသာကိုမြိန်ရေရှက်ရေစားရင်ပြောတယ် သူပြောသလို ၄ ရက်မကုန်ခင် seoul ကကျွေးမိဘတွေအမြန်ငွေလွှဲပါစေတော့လို့ရှိသမျှနတ်အကုန်ရွတ်ပြီးဆုတောင်းနေရပါတော့တယ် သူ့ထက်ကျွန်တော်ကပိုဆုတောင်းနေရတာပေါ့

ပထမဆုံးရက်မှာတင် သန့်ရှင်းရေးနဲ့ပထမဆုံးနေပူထဲတန်းစီဖူးတဲ့စတုဒိသာအကျိုးတွေကြောင့်ပင်ပန်းလိုက် စားလိုက် အိပ်လိုက်နဲ့လည်နေခဲ့လို့ဒုတိယရက်မှာတော့အဆင်ပြေမယ်ထင်ပေမဲ့ပိုဆိုးနေတော့တာပါပဲ

A Broken MemoryWhere stories live. Discover now