မတတ်နိုင်ဘူး ညစ်ပတ်ရုံမကလို့ ဂိုထောင်ဖြစ်နေရင်လည်းနေရမှာပဲ လမ်းဘေးမှာတော့ကျွန်တော်မအိပ်နိုင်ဘူးလေ
"အိပ်ရာလည်းပဲနည်းနည်းတော့ဖုန်တက်နေတယ်"
သူကလက်ညွှန်ပြီးအေးဆေးပြောပေမဲ့ အိပ်ရာကတော်တော်ကိုဖုန်ထူနေတာပါပဲ
"အယ်.... ရပါတယ် ဒီနေ့တော့ ကြမ်းပြင်ကိုပဲဖုန်သုတ် ကြမ်းတိုက်ပြီးအိပ်လိုက်တော့မယ် မနက်ကျမှ အိပ်ရာခင်းတွေလျှော်လိုက်မယ်လေ"
"ဒီလိုအိမ်ကိုခေါ်လာမိလို့အားတော့နာတယ် သူငယ်ချင်းတွေလာမယ်ကြိုပြောထားရင်တော့ရှင်းပေးထားတတ်ပေမဲ့ အခုကမင်းကိုရုတ်တရက်ခေါ်လာရတာဆိုတော့မရှင်းထားဖြစ်ဘူးဖြစ်သွားတာ"
"ရပါတယ် လမ်းဘေးအိပ်ရတာထက်စာရင်အများကြီးသာပါတယ်"
ကျွန်တော့်စကားကြောင့်သူကကျွန်တော့်ကိုထူးဆန်းစွာနဲ့ပြန်ကြည့်လို့ ကျွန်တော်လည်းပဲကြောင်အမ်းအမ်းနဲ့ပြန်ကြည့်လိုက်ကြသေးတယ် နောက်တော့ကျွန်တော်နဲ့သူ အတူတူရယ်လိုက်မိကြတယ်
>>>>>>>>>
ပထမဆုံးရောက်တဲ့ညနေပိုင်းမှာကျွန်တော်နဲ့သူ ဘယ်နှစ်ကတည်းကမသန့်ရှင်းဖြစ်တယ်မှန်းမသိတဲ့ကြမ်းပြင်ကို ကြမ်းတိုက်ဖြစ်ကြတယ် ဒါတောင်ကြမ်းတိုက်ဖို့ရေယူဖို့အတွက် ရေဘုံဘိုင်ခေါင်းကသံချေးတက်ပြီးကကျပ်နေလို့အနည်းငယ်တိုင်ပတ်ခဲ့ရသေးတယ် ပြီးတော့တစ်ခါတည်းအိပ်ရာခင်းတွေကိုပါချွတ်ပြီးလျှော်လိုက်ကြတယ်
ရေဘုံဘိုင်ကဘယ်တော့ပျက်မလဲမသိတော့ရေရတုန်းလေးလျှော်ရတာပေါ့ ဒီတစ်ညပဲကြမ်းပြင်မှာအိပ်နိုင်မယ့်ကျွန်တော့်အကြောင်းကိုလည်းသိနေတာကိုး။ ဒါတောင်ဘယ်နှစ်နှစ်သုံးလဲမသိ မသုံးလဲမသိတဲ့ဂျွတ်တက်နေတဲ့အဝတ်လျှော်စက်က နာရီဝက်လောက်ကလိပြီးမှအလုပ်လုပ်တယ် သူ့အိမ်မှာဖုန်နဲ့အပျက်တွေပဲရှိတာလားမသိပါဘူး
အဲ့နောက်မှာတော့ပြောင်လက်သွားတဲ့ကြမ်းပြင်မှာ ကျွန်တော်ကစလှဲလိုက်တော့ အိမ်ရှင်ဖြစ်တဲ့သူကပါကျွန်တော်နဲ့အတူကြမ်းပြင်ပေါ်လှဲပြီးအိပ်တယ် ကျွန်တော့်အားနာပြီး သူကပါကြမ်းပြင်ပေါ်လိုက်အိပ်နေလို့ကျွန်တော်ပါနည်းနည်းကသိကအောက်ဖြစ်ပြီး အိပ်တာနောက်ကျခဲ့ရသေးတယ်
YOU ARE READING
A Broken Memory
FanfictionDonation Project Fiction With Nomin - 1st Myanmar Fanpage
Part 3
Start from the beginning
