သူ့အိမ်ရဲ့ပုံစံကိုကြည့်တော့အနည်းဆုံးမိသားစု ၅ ယောက်အသာလေးနေလို့ရတဲ့အကျယ်အဝန်းမှာရှိတယ် နံရံထောင့်တွေမှာ ကြီးမားတဲ့ပင့်ကူအိမ်တွေရှိနေပြီး စားပွဲပေါ်မှာလည်းကျွန်တော်နင်းနေတဲ့ကြမ်းပြင်ပေါ်မှာရှိတဲ့ဖုန်ထုထည်တွေကရှိနေတယ် ကျွန်တော်နင်ခဲ့တဲ့ကြမ်းပြင်မှာဆိုရင် ခြေရာတွေတောင်ကျန်ခဲ့တဲ့အထိဖုန်ထုထည်ကအတော်များတယ်
ထိုင်ခုံတွေမှာလည်းဖုန်တွေ ၊ အဝတ်ဗီရိုတွေမှာရော ၊ နာရီမှာကအစဖုန်ထူလွန်းလို့ဘယ်နှစ်နာရီမှန်းတော့မမြင်ရတော့ဘူး ၊ မီးဖိုချောင်မှာကအစဖုန်ထုထည်တွေကကြိီးကြီးမားမားနဲ့ကိုရှိနေတာ
ဒီကြားထဲ ဖုန်တွေကိုမနင်းချင်ဘဲနင်းပြီးလျှောက်နေလို့ရလို့ သတိကပ်ထားပြီးသားဖြစ်နေလို့ ခုံအောက်ကနေရုတ်တရက်ထွက်လာတဲ့ပိုးဟပ်တစ်ကောင်ကြောင့်နှလုံးလန့်မတတ်ဖြစ်သွားရသေးတယ် အသက်ရှုတိုင်းမှာကျွန်တော့်နှာခေါင်းထဲဝင်လာတာက လေတစ်ဝက် ဖုန်တစ်ဝက်ဖြစ်နေတယ်
ဒီလောက်ညစ်ပတ်တဲ့တိုက်ခန်းမှာသူဘယ်လိုနေလဲကျွန်တော်ခက်ခက်ခဲခဲတွေးရင်း ဖုန်တွေကိုရွံလိုက် အကောင်ပလောင်တွေကိုကြောက်လိုက်ဖြစ်နေတဲ့အချိန်မှာ Jaemin ကတော့ဒါတွေဟာသူ့အတွက်ရိုးနေတဲ့ပုံစံနဲ့ ဘာမှမဟုတ်သလိုဘဲဖုန်ထူတဲ့ထိုင်ခုံမှာပေမှာအညောင်းပြေထိုင်ချလိုက်နိုင်တယ်
သူကကျွန်တော့်ရဲ့မျက်နှာအမူအရာကိုရိပ်မိသွားပြီးနောက်
"ငါကဒီလိုပဲနေတာ hahah သန့်ရှင်းရေးလုပ်ရတာငါ့ဝါသနာတော့မဟုတ်ဘူး ဒါပေမဲ့မင်းနေရတာအဆင်မပြေရင်တော့အတူသန့်ရှင်းရေးလုပ်ပေးမယ်"
"အင်း နည်းနည်းလောက်လုပ်ရင်ရပါပြီိ"
တကယ်တော့အများကြီးလုပ်ရမှာ
သူ့အားနာလို့ နည်းနည်း လို့ပဲပြောလိုက်တာ
"ဒီလောက်ညစ်ပတ်တာ မင်းနေနိုင်တယ်နော်"
ဒါကတော့လွှတ်ခနဲပြောမိတဲ့စကားက ထွက်ပြီးသွားမှကျွန်တော်တာဝန်မယူနိုင်မှန်းသိတော့တယ် ဒါပေမဲ့အပြောခံရတဲ့သူကတော့တပြုံးပြုံးပဲ
YOU ARE READING
A Broken Memory
FanfictionDonation Project Fiction With Nomin - 1st Myanmar Fanpage
Part 3
Start from the beginning
