"နားလည်ပေမဲ့လည်း ငါလည်းမွဲနေလို့ ဒါတော့မကူပေးနိုင်ဘူး"
သူကအားနာသံနှောပြီးပြောပေမဲ့သူ့ရဲ့အားနာမှုကိုကျွန်တော်သိပ်မခံစားရဘူး သူက 12/6 ဆိုတဲ့နံပါတ်ချိတ်ထားတဲ့တံခါးပေါက်ရှေ့တစ်ခုမှာရပ်လိုက်တယ် ဘေးဘက်ကနေအဘွားအိုတစ်ယောက်လာနေလို့ လျှောက်လမ်းကလူ ၃ ယောက်ဖြစ်ပြီးကျဉ်းနေတာနဲ့ကျွန်တော်ကပဲရှောင်လိုက်ရတယ် Jaemin ကအဘွားအိုလာနေတာကိုရိပ်မိတဲ့ပုံမပေါ်ဘူး အဘွားကလည်းမကြည်တဲ့အကြည့်နဲ့ကျွန်တော့်ဘဲကြည့်နေတာကြောင့်ကျွန်တော်မှမရှောင်ရင်မဖြစ်တော့ဘူးလေ
အဲ့နောက် Jaemin ကအေးအေးလူလူနဲ့သော့ကိုလှည့်ကာဖွင့်လိုက်တယ်
"လာ ဝင်ခဲ့"
သူအရင်ဝင်သွားပြီး ကျွန်တော့်ကိုခေါ်ပေမဲ့ကျွန်တော်ကမဝင်နိုင်သေးဘဲတုန့်ဆိုင်းနေမိတယ် အထဲမှာမှောင်ပိန်းနေတာကြောင့်လည်းဖြစ်လိမ့်မယ် သူကနံရံကမီးကိုဖွင့်လိုက်မှ ကျွန်တော့်ရဲ့ပထမခြေလှမ်းကိုသူ့အိမ်ထဲသွင်းရဲတော့တယ်
ကျွန်တော့်တစ်ကိုယ်လုံးသူ့အိမ်ထဲဝင်ပြီးနောက်အနောက်ကတံခါးကို ယဉ်ကျေးသမှုနဲ့ပဲပြန်ပိတ်ပေးလိုက်ပြီး ဖိနပ်ချွတ်ကာ ခြေထောက်ကိုသူ့ကြမ်းပြင်ပေါ်နင်းလိုက်တယ် ခြေထောက်မှာတစ်ခုခုကပ်သွားသလိုလိုခံစားချက်ကြောင့် ကျွန်တော်ခြေဖဝါးကိုပြန်ကြည့်လိုက်သေးတယ် မည်းတူးနေသောခြေဖဝါး ကလွဲရင်ဘာမှမရှိ။
အိမ်ကစထွက်လာကတည်းက shoe ဝတ်လာတာကိုခြေဖဝါးကဘာလို့ဒီလောက်တောင်မည်းတူးသွားရတာလဲ အိတ်တွေအခိုးခံရပေမဲ့ဖိနပ်မပါသွားလို့ခြေဗလာနဲ့လည်းမလျှောက်ခဲ့ရပါဘူး
ခြေထောက်ကတအားညစ်ပတ်နေတော့ကျွန်တော်စိတ်ထဲတစ်မျိုးဖြစ်သွားတယ် ဒီခြေထောက်ကြီးနဲ့သူများအိမ်ထဲဝင်လို့ဖြစ်ပါမလားပဲ
သူ့အိမ်ကြမ်းပြင်ကိုကျွန်တော်အမြန်ကြည့်လိုက်မိတယ် သူ့ကြမ်းပြင်မှာဖုန်တွေချည်းပဲ ပျင်းရိလို့မသန့်ရှင်းရေးမလုပ်ထားတဲ့အိမ်တစ်အိမ်ရဲ့ကြမ်းပြင်ကဖုန်နဲ့မတူဘူး အဲ့ထက်ကိုပိုများတယ် သူဘယ်လိုများပျင်းပြီးဒီလိုဖုန်တောထဲမှာနေနိုင်ရတာလဲ အခုကျွန်တော့်ရဲ့မည်းတူးနေတဲ့ခြေဖဝါးတွေကဒီကြမ်းပြင်ပေါ်နင်းမိတဲ့ရလဒ်တွေပေါ့
Part 3
Comenzar desde el principio
