ဘာပဲဖြစ်ဖြစ်ကျွန်တော်ကိုကသတိလွတ်ပြီးအသုံးကိုမကျလိုက်တာပါ
ထိုစဉ်
"Jeno ya"
ကျွန်တော့်ပခုံးကိုလာပုတ်ပြီးအခေါ်ခံလိုက်ရတဲ့ကျွန်တော့်နာမည်
ကျွန်တော်လည်းအိတ်ပျောက်နေတဲ့အချိန်နာမည်အခေါ်ခံလိုက်ရတော့အကူအညီရပြီဟဆိုတဲ့အတွေးလေးနဲ့မဟားတရားပျော်ပြီးအားရပါးရလှည့်ကြည့်လိုက်တော့တယ်
"ahh Jaemin ssi"
သူကကျွန်တော့်နားဘယ်ကဘယ်လိုရောက်လာတာလဲ
"ဘာဖြစ်နေတာလဲ"
"ahh အဲ့ဒါက...."
ပြောရမှာကလည်းရှက်သလိုလိုနဲ့
ရှက်စရာလားလို့မေးရင် သူခိုးခိုးခံရတာရှက်စရာတော့မဟုတ်ဘူး ဒါပေမဲ့ကျွန်တော်ကအစားတစ်လုပ်ကြောင့်သူခိုးအဆွဲခံရတာမသိခဲ့တာမို့ရှက်စရာကြီးလို့ခံစားရတာပါပဲ
ကျွန်တော်ခေါင်းကုတ်လိုက်ပြီး
"အိတ်တွေပျောက်သွားလို့"
"ဟာာ ဒါဆိုးတာပဲ!!!"
သူ့ရဲ့တုန့်ပြန်မှုကြောင့်ကျွန်တော်ပိုရှက်သလိုတောင်ခံစားသွားလိုက်ရတယ်
"အင်း ရောက်ရောက်ချင်း အခိုးခံလိုက်ရတယ်ထင်တာပဲ"
ကျွန်တော့်နဖူးမှာကျနေတဲ့ချွေးစီးကို Jaemin ကိုတစ်ချက်သေချာကြည့်လိုက်ပြီးမေးတာက
"အိတ်ထဲမှာဘာပါသွားလဲ"
"ငါကအိတ်ထဲအကုန်ထည့်ထားတာ ပိုက်ဆံတွေရော တခြားအရေးကြီးတာတွေရော"
"ပိုဆိုးတာပေါ့!!!!"
အဲ့ဆိုးတယ် ဆိုတာကြီးကိုပဲတုန့်ပြန်မှုအနေနဲ့ထပ်ပြောတော့ ပူထူနေတဲ့ကျွန်တော်ကပိုရှက်လာသလိုဖြစ်လာတယ် ဘယ်လိုအခိုးခံလိုက်ရတာလဲဆိုတာကတော့မမေးတော့ရင်ကောင်းမယ်ထင်တယ်
သူခိုးကိုကျေးဇူးတင်ရတာကအိတ်ပဲခိုးပြီးအိတ်ဘေးက ဟမ်ဘာဂါနဲ့ငါးအူခိုးမသွားတာကိုပါပဲ
"အဲ့ဒါ စခင်ခင်ချင်းအကူအညီကမတောင်းချင်ဘဲတောင်းရတော့မယ် ငါ့ကိုမင်းဖုန်းလေးခဏငှားပါလား ဘဏ် acc log in ခဏဝင်ပြီး ငွေထုတ်မလားလို့"
ကျွန်တော်လည်း ကိုယ့်ရဲ့အသုံးတစ်စက်မှမကျမှုကြောင့်အခိုးခံလိုက်ရတဲ့အဖြစ်ကိုသိလို့ရှက်နေတာရယ် အခုအကူအညီချက်ချင်းတောင်းရလို့အားနာလို့ရှက်တာရယ်နဲ့ ပြောပြီးချင်းချင်းပဲလိုက်ထဲကဟမ်ဘာကိုတစ်ချက်ကိုက်လိုက်မိတယ်
"အဲ့ဒါကတော့ဆိုးတာတွေအားလုံးထက်ကိုပိုဆိုးသွားပြီ"
"ဘာလို့လဲ"
"ငါ့ဖုန်းကပျက်နေတာ ၂ ရက်လောက်ရှိပြီ ဆိုင်ကိုပို့ထားရတာ"
"အဲ့လိုဆိုဘယ်လိုလုပ်မလဲ အိမ်ကိုတောင်ဖုန်းခေါ်ပြီးငွေလွှဲခိုင်းလို့မရတော့ဘူးပေါ့"
"ငါကူညီလို့ရတာ ၂ ခုတော့ရှိတယ်"
ကျွန်တော်ပျော်ရွှင်စွာနဲ့ပါးစပ်ထဲကဟမ်ဘာဂါကိုမျိုချလိုက်ပြီးသူ့ကိုမျက်လုံးအဝိုင်းသားနဲ့ သူ့ပါးစပ်ကထွက်လာမယ့်စကားတွေကို နှိုက်ထုတ်နေမိတော့တာပဲ
"တစ်ခုက အခုမင်းမှာတည်းဖို့တောင်ပိုက်ဆံမရှိတော့ဘူးမလား ငါ့အိမ်ခဏလိုက်နေလို့ရတယ်"
ပိုက်ဆံမရှိလို့တည်းစရာတောင်မငှားနိုင်ဘဲလမ်းဘေးရောက်ရမယ့်အဖြစ်မှကယ်တင်သူနတ်သားလေး အမောင် Jaemin ပါလား ဪ .... ဒီတစ်သက်မိန်းမမှမရရင်သူ့ကိုကျွန်တော့်နားခေါ်ထားပြီးထာဝရကျေးဇူးဆပ်ချင်တဲ့အထိကျေးဇူးတွေတင်ရင်းရင်ထဲမှာမွှန်ထူနေမိတဲ့အထိပါပဲ
လက်ထဲကနောက်ဆုံးသောဟမ်ဘာဂါတစ်စိတ်ကိုပျော်ရွှင်စွာနဲ့ပါးစပ်ထဲပစ်ထည့်လိုက်ပြီးသူ့ရဲ့ဒုတိယသောအကူအညီကိုနားထောင်နေမိပါတော့တယ်
"နောက်တစ်ခုက မင်းပိုက်ဆံမှမရှိရင် ပြန်လို့လည်းရမှာမဟုတ်ဘူး အဲ့တော့ငါ့ဆီမှာလာတည်းနေတာကအဆင်ပြေပေမဲ့အဲ့အတိုင်းသာနေရင်ဒီမှာမင်းသောင်သင်သွားလိမ့်မယ် ပိုက်ဆံကမဖြစ်မနေထုတ်မှရမယ် အခုငါမင်းကိုဘဏ်ကိုခေါ်သွားပေးမယ် အဲ့မှာဖုန်းပါအလကားဆက်လို့ရတယ်"
ဒုတိယအကြိမ် ပျော်ရွှင်စွာနဲ့မျိုချမိတဲ့ဟမ်ဘာဂါအလုပ်နဲ့အတူမသိမသာဝဲတက်လာတဲ့မျက်ရည်
Gyeongsangbuk မှာသောင်သင်ရမယ့်အဖြစ်ကနေဖယ်ရှားပြီး ပင်လယ်ဆိပ်ကမ်းမြို့ကနေ ကုန်းမြို့ဆီပြန်ပို့ဆောင်ပေးမယ့်သူတော်ကောင်းအမောင် Jaemin လေးပါပဲ
>>>>>>>>
YOU ARE READING
A Broken Memory
FanfictionDonation Project Fiction With Nomin - 1st Myanmar Fanpage
Part 2
Start from the beginning
