ဒါလည်းကောင်းပါတယ် မဝါးထားတော့ဗိုက်ထဲရောက်တဲ့အခါမှာ အစာအိမ်ကပိုခြေရတော့ဗိုက်တော်ရုံပြန်မဆာတော့ဘူးပေါ့ ဗိုက်ကမဟားတရားဆာနေတာကြောင့် ကိုယ့်ဗိုက်အကြောင်းကိုယ်သိလို့ ဒီတစ်ပွဲတင်မကဘဲဟမ်ဘာဂါတစ်လုံးနဲ့ငါးအူတစ်ပွဲပါအပိုဆောင်းဝယ်လာခဲ့သေးတာ

ဒီကိုကားမဆိုက်ခင်တစ်နာရီအလိုကတည်းကကားပေါ်မှာဗိုက်ကဆာနေပြီးသားမို့ ကားလည်းဆိုက်ရော လမ်းတစ်လျှောက်လုံးစကားပြောရင်းခင်ခဲ့တဲ့ Jaemin ကိုအမြန်နှုတ်ဆက်ပြီး တွန်းလှည်းဆိုင်ဆီအမြန်ပြေးလာရတာ

ဒါ့ကြောင့် seoul ပြန်ရောက်လို့ အဖေ အမေကအရင်ဆုံးဘာလုပ်လဲလို့မေးခဲ့ရင် မျိုစို့ရတယ်ဆိုတာကိုလှအောင်ဖြေမှရမယ်

ကားမမူးခဲ့ပြန်တော့ဗိုက်ကအပိုတောင်းတဲ့အနေနဲ့မတရားဆာနေတာနေမယ်

ထည့်ပြီးသား နောက်ဆုံးသောအကြီးဆုံးခေါက်ဆွဲတန်းမမြိုချတော့ဘဲအလိုလိုပါးစပ်ထဲမှာငုံထားရင်းရပ်တန့်သွားတယ် ပါးစပ်ထဲလည်းအကုန်မဝင် အပြင်လည်းအကုန်မထွက်ကျဘဲတန်းလန်းလေးရှိနေတာက အာလူးချောင်းကြော်တစ်ချောင်း။

ဟုတ်သားပဲ

ထူးထူးခြားခြားကျွန်တော်ဒီတစ်ခေါက် ၄ နာရီလောက်ကားစီးရတာတောင်လုံးဝကားမမူးဘူးပဲ ထူးခြားတယ်လို့တွေးလိုက်ပြီးမှ ဪ ခနဲအဖြေရှာတွေ့တော့ကျွန်တော့်စိတ်ထဲအနည်းငယ်ပျော်သွားပြီးငုံထားတဲ့ခေါက်ဆွဲတွေကိုဝါးနိုင်တော့တယ် ဒါကနောက်ဆုံးပိတ်အလုပ်မလို့ဝါးလိုက်တယ်ပေါ့

လမ်းတစ်လျှောက်လုံးစားကောင်းကောင်းနဲ့ တစ်လုံးပြီးတစ်လုံးပါးစပ်ထဲပစ်ထည့်လာတဲ့ Jaemin ပေးတဲ့ရှောက်သံပရာသကြားလုံးကကျွန်တော်ဖျတ်ခနဲသိလိုက်ရတဲ့အဖြေဖြစ်နေတယ် သူ့ကိုကျေးဇူးလည်းတင်မိသလို ကိုယ့်ကိုယ်ကိုလည်းကားမမူးစေတဲ့နည်းလမ်းရှာတွေ့သွားလို့နည်းနည်းပျော်နေစေမိတော့တာပါပဲ

ဘောင်းဘီအိတ်ထဲက သကြားလုံးအခွံကိုကျွန်တော်ထုတ်ကြည့်လိုက်တယ်

ဒီအခွံလေးကိုနမူနာပြပြီးဝယ်ပြီးဆောင်ထားမှပါပဲ ဒီအတိုင်း ရှောက်သံပရာသကြားလုံးဆိုပြီးမေးဝယ်လို့ရပေမဲ့ ပထမဆုံးအနေနဲ့ထူးခြားခဲ့ပြီး အခုမှစသိတဲ့မိတ်ဆွေတစ်ယောက်ဆီကအကူအညီလိုမျိုးရလိုက်တာကြောင့် ဒီတံဆိပ်မှဒီတံဆိပ်အတိုင်း အတိအကျနဲ့ကိုဝယ်ဆောင်ထားချင်တော့တာ

A Broken MemoryWhere stories live. Discover now