"အင်း ငါကစိတ်အပန်းဖြေဖို့ဆိုတော့ပင်လယ်ဆိပ်ကမ်းမြို့ဖြစ်နေလို့ရွေးလိုက်တာ"
သူက coffee ကိုတစ်ငုံသောက်ပြီး သူ့ဂျင်းကုတ်အင်္ကျီအတွင်းကိုနှိုက်ပြီးအထုပ်လေးတစ်ထုပ်ထုတ်လိုက်တယ်
"အဲ့ဒါဆိုရင်တော့ ငါတို့မြို့ကမင်းအတွက်ကွက်တိပဲ"
အထုပ်လေးကိုလွယ်လွယ်ကူကူပဲဖောက်ပြီးကျွန်တော့်ဘက်ကိုကမ်းပေးတယ်
"စားဦးမလား"
ဘာလဲဆိုပြီးကြည့်လိုက်တော့ သံပရာချဉ် သို့မဟုတ် ရှောက်သီးတို့နဲ့လုပ်ထားတဲ့သကြားလုံးထုပ်လေး။
ကျွန်တော်ကသေချာကြည့်နေမိတော့သူကအထုပ်ကိုကျွန်တော့်ဘက်ပိုတိုးလာပြီး
"စားလိုက် မင်းကြည့်ရတာကားမူးတတ်တဲ့ပုံပဲ"
"အင်း ကျေးဇူးပဲ"
သူကကျွန်တော့်ကိုသကြားလုံးအထုပ်လိုက်ပေးတယ် သူကတော့ကျွန်တော်ပေးတဲ့ coffee ကိုသောက်ရင်းနဲ့ပေါ့
သကြားလုံးတစ်လုံးပါးစပ်ထဲပစ်ထည့်လိုက်တာကြောင့်စကားပြောတာခဏရပ်ပြီး ဘေးဘက်ခေါင်းလှည့်မိတော့ဟိုဘက်ကကလေးလေးကကျွန်တော့်ကိုမျက်တောင်မခတ်ကြည့်နေတယ် ဒီကလေးကလည်း ကျွန်တော်တို့ဘက်လာထိုင်ချင်တဲ့ဆန္ဒကမပြီးသေးဘူးထင်ပါတယ်
"ဟိုမှာဘယ်နှစ်ရက်နေမှာလဲ"
"၄ ရက်လောက်ပေါ့"
ပြတင်းပေါက်ကနေအပြင်ဘဲငေးနေတတ်ပေမဲ့တကယ့်တကယ်စကားပြောကြည့်တော့သူကဖော်ရွေပါတယ်ဆိုတာသိလာတယ် ခရီးတစ်လျှောက်လုံးသူနဲ့ကျွန်တော် စကားပြောဖြစ်လာလိုက်တာ သူလည်းသူ့ပေါင်ပေါ်ကစာအုပ်ကိုပြန်မဖတ်တော့သလိုကျွန်တော်လည်းကျွန်တော့်အိတ်ထဲကဖုန်းတောင်မထုတ်ဖြစ်တော့တဲ့အထိပါပဲ
>>>>>>
At Gyeongsangbuk
လမ်းဘေးက အပန်းဖြေခုံတန်းမှာကျွန်တော်ထိုင်ရင်း အခုလေးတင်ဝယ်လာတဲ့လက်ထဲက ခေါက်ဆွဲအစပ်နဲ့အားလူးချောင်းကြော်ကိုသာအငမ်းမရစားနေမိလိုက်တာ သွင်းမိတဲ့တချို့ခေါက်ဆွဲအလုပ်တွေဆိုဝါးတောင်မဝါးဘဲမျိုချမိလို့ လည်ချောင်းမှာခေါက်ဆွဲချောင်းအရှည်တွေအမြှောင်းလိုက်တွဲလောင်းခိုနေသလိုတောင်ခံစားနေရတယ်
YOU ARE READING
A Broken Memory
FanfictionDonation Project Fiction With Nomin - 1st Myanmar Fanpage
Part 2
Start from the beginning
