"အင်း"

"ကျွန်တော်ရောပဲ"

ဒီလိုနဲ့ခဏလေးပြန်ငြိမ်သွားကြသေးတယ် မဖြစ်ပါဘူးလေဆိုပြီးထပ်စမိတော့ကျ ကျွန်တော်နာမည်ကြီးနဲ့။

"Jeno ပါ Lee Jeno"

ဘယ်သူကမှအခုမှစတွေ့တဲ့သူရဲ့နာမည်ကိုမသိချင်ဘူး သူသိချင်ချင်မသိချင်ချင် ကျွန်တော်ကတော့ပြောတယ် စကားကြောထပ်မပြတ်ချင်လို့လေ

"nae.. Na Jaemin ပါ"

"ဘာလို့ Gyeongsangbuk ကိုတစ်ယောက်တည်းသွားတာလဲ"

သူတော့ထင်မှာပဲ သိပ်စပ်စုတယ်လို့လေ

"ငါကအဲ့မှာနေတာလေ seoul မှာကအမေဆေးရုံတက်နေလို့ခဏလာကြည့်တာ"

သူကအရမ်းရင်းနှီးနေတဲ့ပုံစံနဲ့ကျွန်တော့်ကိုပြန်ဖြေတယ်

" aww ခရီးအနေနဲ့သွားတယ်ထင်တာ အဲ့မြို့ကဆိပ်ကမ်းမြို့ဆိုတော့ခရီးအနေနဲ့ပဲသွားကြတာများတော့လေ ဒါနဲ့အမေရော သက်သာရဲ့လား"

"အင်း အခုတော့သက်သာသွားပြီ သတင်းကြားခါစတုန်းကဆိုရင်စိတ်ပူလွန်းလို့အဝတ်ထုပ်တောင်မပြင်နိုင်ဘူး လူပဲ seoul ကိုအမြန်တက်လာရတာ"

စောနကမဆီမဆိုင်နဲ့ပူခဲ့မိတဲ့သူ့ရဲ့ခရီးဆောင်အိတ်တစ်ထည်မှမပါခဲ့ရတဲ့အကြောင်းဟာဒီမှာကိစ္စရှင်းလင်းသွားခဲ့...

"ဒါနဲ့ မင်းကရော ဘာလို့ Gyeongsangbuk ကိုလာတာလဲ"

"ငါကတော့ခရီးအနေနဲ့လာတာ"

"တကယ်ဆိုရင်ခရီးအနေနဲ့လာတဲ့သူနည်းတယ် ဆိပ်ကမ်းမြို့ဆိုပေမဲ့ဘာမှမရှိဘူးလေ ပင်လယ်ချစ်တဲ့သူဆိုရင်တော့တစ်မျိုးပေါ့"

သူကလက်ထဲကသံဘူးကော်ဖီကိုဖောက်နေတယ် သံကောက်ကနည်းနည်းကျပ်ပြီးအားထည့်ရတော့သူ့အင်္ကျီလက်တောင်အောက်နည်းနည်းကျသွားတယ် အဲ့အချိန်မှာအနည်းပေါ်လွင်လာတာကသူ့လက်ပေါ်က အညိုအမည်းကြောင်းတစ်ကြောင်း...

ဒါကိုမြင်တော့လည်းကျွန်တော် မဆီမဆိုင်ပူမိသေးတာပဲ ဘာကြီးလဲ ဘာနဲ့ခိုက်မိလို့ရလာတဲ့အညိုအမည်းကြီးလဲ ဘာညာစိတ်ထဲမှာစပ်စုပြီးနောက် သူကကျွန်တော့်ကိုလှည့်ကြည့်တော့မှ သူ့အညိုအမည်းကိုကြည့်နေရာကအမြန်တခြားနေရာကိုကြည့်ကြည့်လိုက်ပြီး

A Broken MemoryWhere stories live. Discover now