အခုနေကျွန်တော်ပူရမှာက လျှောက်လမ်းဘက်ထိုင်ခုံမလို့အရေးပေါ်အခြေအနေမှာပြတင်းပေါက်မှအမြန်ဖွင့်မရနိုင်ရင် ကားပေါ်မှာတင်ရုပ်ရှင်ဇာတ်ကွက်တွေဖြစ်သွားနိုင်တယ် ဒါ့ကြောင့်ကျွန်တော့်ဘေးကကောင်လေးကသဘောမနောကောင်းစွာနဲ့နေရာချင်းလဲပေးမပေးကိုပဲကျွန်တော်ပူဖို့လိုတယ်

ကောင်လေးကိုကျွန်တော်စိတ်တထင့်ထင့်နဲ့ စက္ကန့်ပိုင်းလောက်ကြည့်ပြီး မူဟန်မပျက် သူ့ဘေးကကျွန်တော့်ရဲ့ထိုင်ခုံအမှန်မှာဝင်ထိုင်လိုက်တော့တယ်

ကောင်လေးကပြတင်းပေါက်ဘောင်ကိုလက်ထောက်ရင်းအပြင်ဘက်ကိုကြည့်နေတယ် ဒါကျွန်တော်သူ့ကိုကားပေါ်စရောက်ရောက်လာချင်းတုန်းကတွေ့ရတဲ့အနေအထား။ အခုလည်းအဲ့အနေအထားပဲ မပြောင်းသေးဘူး သူ့ရဲ့ကျန်လက်တစ်ဖက်က သူ့ပေါင်ပေါ်မှာထင်ထားတဲ့စာအုပ်ပေါ်မှာရှိနေတယ် စာအုပ်နာမည်ကတော့သူ့လက်နဲ့ကွယ်နေလို့ကျွန်တော်သေချာမမြင်ရပေမဲ့ စာအုပ်ဟောင်းတစ်အုပ်ပါပဲ

သူ့ကိုအကဲခတ်တဲ့အနေနဲ့ကြည့်နေပေမဲ့ကြည့်ချိန်ကအနည်းငယ်ကြာသွားတာမို့ သူမသိပေမဲ့လည်းမကောင်းတတ်တာနဲ့ကျွန်တော်မျက်နှာမူရာကိုပြန်ကြည့်လိုက်တယ် လူလိုက်စစ်နေတဲ့ express chief ကိုကျွန်တော်တို့ရဲ့ခုံတန်းအရှေ့နားလောက်မှာမြင်ရတယ် အရှေ့ကျတော့လည်းအရှေ့ကခုံတွေနဲ့နည်းနည်းကွယ်နေလို့သိပ်မထူးပါဘူးဆိုပြီးဘေးကိုကြည့်တဲ့အခါကျတော့ ကလေးတစ်ယောက်လက်မှာဆွဲရင်း အခုမှခုံရှာတွေ့ခဲ့တဲ့မိန်းကလေးတစ်ယောက်ကိုတွေ့ရတယ်

သူတို့ကဟိုဘက်ခြမ်းကလွတ်နေတဲ့နှစ်ယောက်ခုံပိုင်ရှင်တွေထင်ပါရဲ့။

ကလေးကကျွန်တော့်ကိုငေးကြည့်ရင်း မပီကလာပီကလာနဲ့သူ့အမေလက်ကိုဆောင့်ဆွဲရင်းပြောတယ်

"omma အဲ့မှာထိုင်ချင်တယ်"

သူညွှန်ပြတဲ့ထိုင်ခုံက ကျွန်တော့်ဘေးကကောင်လေးထိုင်နေတဲ့ထိုင်ခုံ

"aww သမီးရယ် အစ်ကိုကြီးကိုသက်သက်မဲ့သွားနှောင့်ယှက်သလိုဖြစ်ဦးမယ် အဲ့မှာသွားထိုင်လည်း ငြိမ်ငြိမ်မထိုင်ရင်အစ်ကိုကြီးကပြန်ခိုင်းမှာပဲ လာ မေမေနဲ့ပဲအတူထိုင်"

သူ့အမေကကျွန်တော့်ကိုအားနာနာနဲ့ရယ်ပြပေမဲ့ ရင်ထဲတော့တော်တော်လေးအီစိမ့်သွားတယ် ကျွန်တော်ကကလေးတွေအပေါ်အရမ်းနိုင်တဲ့လူပုံပေါက်နေလား ဒါမှမဟုတ် ကျွန်တော်ကစိတ်မရှည်တဲ့လူငယ်ပုံပေါက်နေလား သူ့အမေကတော့ခြောက်လှန့်တဲ့အနေနဲ့ပြောတာမှန်ပေမဲ့ ကျွန်တော်ကအလကားနေရင်းလူဆိုးလို့ကိုခံစားလိုက်ရတော့တာပဲ

ကျွန်တော်ဘေးကကောင်လေးကတော့ဘာမှထူးထူးခြားခြားမရှိတဲ့ကားကွင်းပြင်ကိုသာပြတင်းပေါက်ကနေဆက်ငေးနေဆဲ။ စောနကကလေးကလည်းသူ့နေရာထိုင်ချင်တယ်ဆိုပြီးသူ့အမေကရစ်တာကိုလည်းသူသိမယ့်ပုံမပေါ်ဘူး ကလေးကလည်းကိုယ့်နေရာမဟုတ်တဲ့တခြားသူနေရာကိုဝင်ထိုင်ချင်လို့မရတာတွေလည်းသိမယ့်ပုံမပေါ်ဘူး ဒါပေမဲ့သူ့အမေရဲ့စကားတစ်ခွန်းနဲ့တင်ငြိမ်သွားတာကိုပဲတော်သေးတယ်ပြောရမယ်

"ရပြီ လူပြည့်ပြီ ကားထွက်လို့ရပြီ"

စောနကလူလိုက်စစ်နေတဲ့ကောင်မလေးရဲ့အသံကြောင့် မောင်းသူထိုင်ခုံမှာအသင့်ထိုင်နေပြီးသားဖြစ်တဲ့ driver ကအလုပ်စလို့ကားကအနည်းငယ်ရွေ့သွားတယ်

အဲ့လိုစရွေ့လာတဲ့ကားက Gyeongsangbuk ကိုရောက်ဖို့ အနည်းဆုံး ၄ နာရီလောက်ကြာမှာမို့ တချိန်ချိန်မှာကားမူးတော့မှာကျိန်းသေပါပဲ

ကားစထွက်ပြီးခဏအကြာမှ အအေးဘူးအပြည့်ပါတဲ့ခြင်းကိုင်ထားတဲ့ ကောင်မလေးကနှုတ်ခွန်းချိုချိုနဲ့ခရီးသည်တစ်ယောက်ချင်းစီကိုလိုက်နှုတ်ဆက်ရင်း အအေးဝေတော့တယ်

အရှေ့ကနေတရွေ့ရွေ့ ဝေလာတဲ့ကောင်မလေးကကျွန်တော်တို့ခုံတန်းကိုရောက်တော့

"coca cola နဲ့ coffee ဘာယူမလဲရှင့်"

"cola"

ကျွန်တော် cola ဘူးကိုရွေးပြီးတော့မှ ကျွန်တော့်ဘေးကကောင်လေးကိုတစ်ချက်ကြည့်လိုက်တယ် ပြတင်းပေါက်ဘက်ကိုငေးနေဆဲ။

"သူဘာရွေးမလဲမသိပေမဲ့ သူ့အစား coffee ပါယူလိုက်မယ်နော်"

ကျွန်တော် ကောင်မလေးနားကိုကပ်ပြောရင်း သူ့လက်ထဲက coffee ဘူးကိုပါယူလိုက်တယ် ကောင်မလေးကတော့ကျွန်တော့်ဘေးကလူကို ကြောင်အမ်းအမ်းကြည့်လိုက်ပြီးကျွန်တော့်ကိုပါရောပြီးထူးဆန်းသလိုလိုကြည့်သွားရင်း

"သာယာတဲ့ခရီးစဉ်လေးဖြစ်ပါစေ အစ်ကို"

လို့အမြန်နှုတ်ဆက်ရင်း ထွက်သွားတော့တယ် 

A Broken MemoryWhere stories live. Discover now