ဒါလည်းကျွန်တော်အပူမဟုတ်ပါဘူးလို့စိတ်နှလုံးသွင်းပြီး ခရီးဆောင်အိတ်ကို ကျွန်တော်တို့နှစ်ယောက်ခုံတန်းအပေါ်က အိတ်တင်တန်းပေါ်တင်လိုက်တယ် အုံးဂွမ်အသံတချို့မြည်ပြီးမှခရီးဆောင်အိတ်ကအသားကျကျလေးနေရာယူပြီးသွားတယ် အဲ့နောက်လွယ်ထားတဲ့လွယ်အိတ်ကိုပါချွတ်ပြီးထပ်တင်လိုက်တယ်
ခရီးဆောင်အိတ်အမာ အကြီးဆိုဒ်နဲ့ ဖောင်းကားနေတဲ့လွယ်အိတ်တို့ကြောင့် အိတ်တင်တန်းမှာနေရာတော်တော်ပြည့်သွားတယ် တော်သေးတယ် ကျွန်တော်နဲ့အတူထိုင်ရမယ့်ကောင်လေးရဲ့ခရီးဆောင်အိတ်တွေကအဲ့လောက်နေရာယူမနေလို့။ အဲ့လိုတော်ပါသေးတယ်လို့တွေးလိုက်မိမှစိတ်ပူလိုက်မိတာကသူ့အိတ်တွေကိုကျွန်တော့်အိတ်တွေများပိနေမလားဆိုတာပါပဲ
ကျွန်တော့်အိတ်တွေကိုဘယ်ညာနည်းနည်းရွှေ့ပြီး သူ့အိတ်တွေနဲ့လွတ်လား ပိမိနေလားပြန်စစ်ရတယ် ဒါပေမဲ့ကျွန်တော်သူ့အိတ်တွေကိုလုံးဝမတွေ့။ အိတ်တင်တန်းက express ကားရဲ့ခေါင်မိုးနဲ့ကပ်ပြီးလုပ်ထားတဲ့ နံရံကပ်ဗီရိုသဏ္ဍာန်မလို့ အတွင်းကမှောင်တယ် ဟိုးအတွင်းမှာများသူ့အိတ်တွေရှိနေလားလို့ကျွန်တော့်မျက်လုံးနဲ့ဆန်းစစ်ရင်မသေချာလို့အတွင်းထိလိုက်နဲ့စမ်းကြည့်သေးတယ်
စမ်းမိတာက အိတ်တင်တန်းရဲ့အောက်ခြေမာမာကလွဲရင်တကယ်ဘာမှမရှိ။ ထိုင်ခုံတန်းတစ်တန်းရဲ့အပေါ်မှာ အဲ့တစ်တန်းစာကလူတွေအတွက်အိတ်တင်တန်းမှာ ခုံနံပါတ်ကပ်ပေးထားသလို သေချာအကန့်ပါခွဲပေးထားတယ် အဲ့ကောင်လေးများမှားပြီးတခြားထိုင်ခုံတန်းရဲ့အိတ်တင်တန်းအကန့်မှာသူ့အိတ်များသွားထည့်ထားသလားလို့တွေးမိပေမဲ့ သူလည်းထမင်းစားနေတဲ့လူပါပဲ အဲ့လောက်လည်း မ အ လောက်ပါဘူး
ကျွန်တော့်အကြည့်တွေကိုအိတ်တင်တန်းကနေထိုင်နေတဲ့သူ့ဆီရွှေ့လိုက်မိတယ်
သူ့ဘာသာသူ့အိတ်ကိုဘယ်လိုထားထား ဘယ်မှာပစ်ချခဲ့ပစ်ချခဲ့ ဒါလည်းငါ့အလုပ်မဟုတ်သလိုငါ့အပူမပါပါဘူးဆိုပြီး တရားထပ်သွင်းရင်းကျွန်တော့်အိတ်ကိုနေရာသေချာချလိုက်တယ်
YOU ARE READING
A Broken Memory
FanfictionDonation Project Fiction With Nomin - 1st Myanmar Fanpage
Part 1
Start from the beginning
