ထွက်ခွာမည့်မြို့ - Seoul
ဆိုက်ရောက်မြို့ - Gyeongsangbuk
ကျွန်တော်တစ်ယောက်တည်းပထမဆုံးသွားလာ်မယ့်မြို့က ပင်လယ်ဆိပ်ကမ်းမြို့လေးတစ်မြို့ဖြစ်တဲ့ Gyeongsangbuk မြို့။
Jeju ကိုသွားရသလောက်တော့ fancy မဖြစ်နိုင်ပေမဲ့ တောဓလေ့မကုန်သေးဘဲမြို့ဓလေ့အစပြုခါစ ပင်လယ်ရေသံနဲ့ပင်လယ်ဆားခါးနံ့တို့ရောနှောနေတဲ့မြို့ရဲ့အထာက သူ့ဟာနဲ့သူသူရဖူဆောင်းထားပြီးသားမို့ Jeju ကိုမရွေးလိုက်ရလေခြင်းဆိုတဲ့နောင်တတော့ကျွန်တော်မရပါ
မြို့တိုင်းမှာသူ့အရသာနဲ့သူ သူ့အထာနဲ့သူရှိပြီးသားမဟုတ်လား ပျော်တယ် မပျော်တယ်ဆိုတာက လေ့လာသူ ဘယ်လောက်တူးဖော်နိုင်သလဲနဲ့ပဲဆိုင်လွန်းတယ်လေ
ကျွန်တော့်ခေါင်းထက်ကနေလုံးကမသိမသာရွေ့ရှာပေမဲ့သိသိသာသာရွေ့သွားတာကတော့ကျွန်တော့်လက်မှာဝတ်ထားတဲ့နာရီကလက်တံပါပဲ ကားထွက်ဖို့စောရောက်နေပါတယ်ဆိုတဲ့တစ်နာရီကမိနစ်ပိုင်းစာလောက်ပဲကျန်တော့တဲ့အခါမှာ ကျွန်တော်တက်ရမယ့်ကားက ခရီးသည်တွေကားပေါ်စတင်နေပြီ
လွယ်ထားတဲ့ကျောပိုးအိတ်ကခပ်လေးလေး ၊ ဆွဲရမယ့်ခရီးဆောင်အိတ်ကလည်းပိဿာချိန်လောက်ရှိပေမဲ့အဲ့ဒါတွေကိုဆွဲပြီးကားဆီသွားတော့လက်ထဲမှာရော ၊ ကျောပေါ်မှာရောပေါ့ပေါ့လေးလို့တောင်ထင်ရတယ် စိတ်ကအဲ့လောက်ထိကိုအရမ်းလောနေရတာပဲ
ကားလက်မှတ်ကို ကားအဝင်ပေါက်ဝမှာစစ်နေတဲ့မိန်းကလေးကို တရားဝင်လက်မှတ်ဖြတ်ပြီးကြောင်းပြပြီး ကျွန်တော့်ရဲ့ခုံနံပါတ်ကိုလိုက်ရှာတဲ့အချိန်ရင်ထဲတထိတ်ထိတ်နဲ့။
ကားရဲ့လျှောက်လမ်းကိုတစ်ကြောကြီးလျှောက်လာပြီးမှကျွန်တော့်ရဲ့နံပါတ်ကိုရှာတွေ့တာမို့ ကျွန်တော်နည်းနည်းတော့သက်ပြင်းချမိတယ် နောက်ဆုံးလိုက်ရဲ့အရှေ့ကနှစ်ယောက်ခုံတန်းမှာမှ လျှောက်လမ်းဘက်ကခုံမို့လို့ပါပဲ
ပြတင်းပေါက်ဘက်ကခုံမှာကတော့ကျွန်တော်မသိတဲ့သူစိမ်းကောင်လေးတစ်ယောက်ကအရင်ရောက်နှင့်ပြီးထိုင်နေပြီးပြီ အဲ့ကောင်လေးက ဂျင်းကိုအဓိကထားဝတ်ဆင်ထားတယ် ဦးထုပ်ကအစဂျင်းဦးထုပ်။ ကားပေါ်ကိုသူကျွန်တော့်ထက်ဘယ်အချိန်လောက်ကတည်းကစောရောက်နေမှန်းကျွန်တော်မသိ။ စိတ်ထဲခုမိတာကသူဦးထုပ်ဆောင်းထားတာကိုပါပဲ ကျွန်တော့်အလုပ်ဘာမှမပါပေမဲ့ ကားပေါ်ရောက်ရင်ဦးထုပ်အရင်ချွတ်လေ့ရှိတဲ့ကျွန်တော့်အကျင့်ကြောင့် ကားပေါ်မှာဦးထုပ်ဆောင်းထားတဲ့သူတွေ့ရင်လူကနေမထိထိုင်သာနဲ့အလိုလိုကိုအသည်းယားနေမိရော
YOU ARE READING
A Broken Memory
FanfictionDonation Project Fiction With Nomin - 1st Myanmar Fanpage
Part 1
Start from the beginning
