M 32
ကားလက်မှတ်ပေါ်ကခုံနံပါတ်တစ်ခု ။
အခုမှစိုးရိမ်လာတာကတော့တစ်ခုပဲ ကျွန်တော့်ရဲ့ခုံနံပါတ်ကစုံဂဏန်းဖြစ်နေတယ် ဒါကိုကားလက်မှတ်ဝယ်ကတည်းကခုံရွေးတဲ့အချိန်ကတည်းကစိုးရိမ်နေခဲ့တာ
ဖြစ်ချင်တော့လက်မှတ်ဝယ်တုန်းကဒီတစ်ခုံပဲကျန်တော့တာရော ၊ ကျန်တဲ့ express တွေကကားစထွက်မယ့်အချိန်နဲ့ကျွန်တော်နဲ့အဆင်မပြေတာကြောင့်ရော ဒီနံပါတ်နဲ့ပဲဝယ်ခဲ့မိတာပါပဲ
စုံဂဏန်းတွေက ကားရဲ့လျှောက်လမ်းဘက်ထိုင်ရတာများတယ် ကျွန်တော်ကလျှောက်လမ်းဘက်မှာထိုင်ရတာကိုမုန်းတယ် ကလေးဆန်ဆန်ပြောရရင်ခရီးသွားရလို့ကားပေါ်ထိုင်ရရင် ရှုခင်းအပြည့်အဝကြည့်ရတဲ့ မြင်ရတဲ့ပြတင်းပေါက်နားကထိုင်ခုံမှာထိုင်ရတာကြိုက်တယ် အားရတယ် အခုကတော့လူပျိုဖြစ်နေလို့ကလေးမဆန်ဘဲလျှောက်လမ်းဘက်ထိုင်ခုံမှာပဲထိုင်ဆိုလည်းထိုင်နိုင်ပေမဲ့တစ်ခုပဲ !!! တစ်ခါတစ်ရံကားမူးတတ်လို့ပြတင်းပေါက်အမြန်ဖွင့်ရမယ့်အခိုက်အတန့်ရှိတတ်တာကြောင့်စိတ်နည်းနည်းပူရတယ်
အရင်မိသားစုနဲ့ပဲဖြစ်ဖြစ် ၊ သူငယ်ချင်းအုပ်နဲ့ပဲဖြစ်ဖြစ်သွားတုန်းကခုံလဲထိုင်လို့ရပေမဲ့အခုကတစ်ယောက်တည်းဆိုတော့ကျွန်တော့်ဘေးမှာဘယ်သူဖြစ်မလဲဆိုတာလည်းမသိရဘူး သဘောကောင်းတဲ့သူဆိုရင်တော့လဲပေးနိုင်လောက်ပါတယ်ဆိုတဲ့မျှော်လင့်ချက်လေးနဲ့ပဲကျွန်တော့်အရှေ့က တစ်ကားဝင်တစ်ကားထွက်နဲ့အလုပ်များနေတဲ့ကားဝင်းကြီးကိုကြည့်ရင်းသက်ပြင်းချလိုက်ပါတယ်
ကလေးဘဝတုန်းကတော့ကလေးမို့ကားမူးတတ်ပေမဲ့ ၁၂ နှစ်ကျော်လူပျိုပေါက်စဘဝရောက်ကတည်းကကားမူးတာကထူးထူးဆန်းဆန်းပျောက်သွားတယ် လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်ကကျွန်တော်အပြင်းအထန်ဒဏ်ရာရလို့ဆေးရုံတက်ရကတည်းကအဲ့ကားမူးတဲ့ရောဂါကထူးထူးဆန်းဆန်းနဲ့ပဲကျွန်တော့်ဆီပြန်ရောက်လာတယ်ဆိုပါတော့
တစ်နာရီလောက်ကားဝင်ကိုစောရောက်နေလို့ဘာမှလုပ်စရာမရှိတာနဲ့ထိုင်စောင့်နေရုံလွဲပြီးလာမှမတတ်နိုင်။ ဒါ့ကြောင့်လည်းကိုင်ထားတဲ့ကားလက်မှတ်ကိုပေါက်ထွက်မတတ်အခါခါကြည့်နေမိတယ် လက်မှတ်ပေါ်ကခုံနံပါတ်ပြီးတော့ အောက်တစ်လိုင်းမှာရေးထားတာက
YOU ARE READING
A Broken Memory
FanfictionDonation Project Fiction With Nomin - 1st Myanmar Fanpage
Part 1
Start from the beginning
