သူက သူမဘက်ကို လှည့်မကြည့်ဘဲ နှာသံတိုးတိုးလေးနှင့်ပြောလိုက်သည်။
"ဟမ်?"

ကျန်းထျန်၏ မျက်လုံးများသည် အဓိပ္ပာယ်ပြည့်ဝသွားပြီး
"ဘယ်လိုပဲဖြစ်ဖြစ် ရှင့်မိန်းမက အရမ်းကို ပြီးပြည့်စုံနေတယ်လေ ဟုတ်တယ်မလား...."

လင်းဆွေ့ကျိုးက ရယ်လိုက်ပြီး
"ချစ်ရဲ့ အိပ်မက်က လှနေတယ်ဆိုရင်တောင် ချစ်ကလည်းလှတယ်လေ"

"......"

ဒီလူက ဘယ်လိုစကားကောင်းကောင်း ပြောရမလဲဆိုတာမသိဘူးပဲ။

ကျန်းထျန် သူမမျက်လုံးကို လှိမ့်လိုက်ပြီး သူ့ကိုကျောပေးပြီး ထိုင်လိုက်သည်။

"ဒီ ရုပ်ရှင်ပွဲတော်ရဲ့ အကောင်းဆုံး အမျိုးသမီး သရုပ်ဆောင်ဆုကတော့ ___"
အစီအစဉ်တင်ဆက်သူက ထူးထူးခြားခြားပြုံးလိုက်ပြီး
"ကျေးဇူးပြုပြီး နောက်က စခရင်ကို ကြည့်ပေးပါ"

ဖန်သားပြင် မီးရောင်က ပွင့်လာပြီး မျက်ဝန်းအညိုရောင်နှင့် အမျိူးသမီးတစ်ဦးက အမှောင်ထဲကနေ လမ်းလျှောက်လာခဲ့သည်။

အန်ဒရီ ဂျူကာ။

ပြင်သစ်က အကောင်းဆုံးသရုပ်‌ဆောင်မင်းသမီး။

ထိုအချိန်တွင် ကျန်းထျန်သည် နေရာပေါင်းစုံက လူများသည် သူမကိုကြည့်နေသည်ဟု ခံစားလိုက်ရသည်။

ဆုပေးပွဲအပြီးတွင် လူပေါင်းများစွာဟာ အင်တာဗျူးဖို့ လာရောက်ခဲ့ကြသည်။

"အခုအချိန်မှာ ကျန်းထျန်ရဲ့ ခံစားချက်က ဘယ်လိုရှိပါသလဲ?လူတိုင်းက ဒီဆုကို မင်းရမယ်လို့ထင်ထားကြတယ် မင်းရော အခု ဘယ်လိုခံစားရလဲ?"

ကျန်းထျန် မျက်ခုံးပင့်လိုက်ပြီး
"လူတိုင်း ဆိုတာကဘယ်သူလဲ?မင်း သူ့ကို ရှေ့ထွက်လာနိုင်မလားလို့ မေးပေးနိုင်မလား?"

"ဒါကြောင့် မင်းအခုဘယ်လိုခံစားရလဲ?"

ကျန်းထျန်က စဉ်းစဉ်းစားစားနဲ့ စကားမပြောဘဲ သူမမျက်ခုံးတွေက အနည်းငယ် ကြုံ့သွားခဲ့သည်။ကျန်းထျန်က သူမ၏အမူအရာကို မထိန်းချုပ်နိုင်တော့ဘူးဟု မီဒီယာတွေ ထင်လိုက်သည့်အချိန်တွင် သူမသည် ကင်မရာကို လေးလေးနက်နက်ကြည့်လိုက်ပြီး
"နည်းနည်းတော့ စိတ်ပျက်သွားမိတယ်။အကောင်းဆုံး သရုပ်‌ဆောင်မင်းသမီးဆုကို ရအောင်ယူပြမယ်လို့ ကျွန်မခင်ပွန်းကို ကျွန်မ ကြွားခဲ့သေးတယ်"

မြတ်နိုးရသူ ဗီလိန်၏ ချစ်ဇနီး Completed✓Where stories live. Discover now