Background information

Start from the beginning
                                    

ဒီကမ္ဘာက သူ့ရဲ့ရတနာသေတ္တာလေးဖြစ်သည်...

Vearthတွင် ရှန်စီဝမ်တွေးသမျှအရာအားလုံးကို ထည့်သွင်းထားတာကြောင့် Treasure World ဖြစ်လာလေသည်...

သူဖန်တီးထားတဲ့ တခြားကမ္ဘာတွေကပင် ဒီကမ္ဘာကို ကောင်းကင်ဘုံဟုခေါ်နိုင်သည်...

ဒီ Vearthလေးက သူနဲ့ဆင်တူတဲ့မိသားစုတစ်ခုကို မွေးဖွားလိုက်တယ်ဆိုတာ သူသတိထားမိလိုက်လေ၏... သူတို့က ဘယ်နေရာကမှန်းမသိပေါ်လာပြီး Vearthထဲမှာ သူဖန်တီးထားသည့် အခြားသောလူတွေနှင့် ဇာတ်ကောင်တစ်ချို့မှ ဝင်ကစားနေကြသည်...

ထိုမိသားစုမှ ထူးခြားသည့်ကလေးတစ်ယောက်ကိုလည်း သူသတိထားမိလိုက်သည်... ဒီမိသားစုက မော့ မျိုးရိုးဖြစ်ပြီး 'မော့' ဟူသောစကားလုံးသည် မော့ကွေ(မကောင်းဆိုးဝါး) မှ ဆင်းသက်လာ၏...ဒါက သူတို့မျိုးရိုးနာမည်၏ အဓိပ္ပာယ်ဖြစ်သည်...

အစတုန်းက ရှန်စီဝမ်သည် ဒီမိသားစုက သူတို့ကိုယ်သူတို့ မကောင်းဆိုးဝါးဟု ဘာကြောင့် ခေါ်မှန်းမသိပေ... အဖြေကိုသိရဖို့ သူတို့မိသားစုအား အနီးကပ်စောင့်ကြည့်ပေမဲ့ ဘယ်နေရာကနေ ပေါ်လာမှန်းမသိတဲ့ ဒီမိသားစုက အခြားလူတွေနဲ့အတူတူပဲ သူဖန်တီးထားတဲ့ကမ္ဘာထဲမှာ ဝင်ကစားနေတဲ့ လူတွေဆိုတာ သိလိုက်သည်...

မိုမိသားစုတွင် မိုအဖေ၊ မိုအမေနဲ့ သူတို့ကလေးတွေ_သားနှစ်ယောက် အငယ်ဆုံးသမီးတစ်ယောက် တို့ရှိသည်...

သူတို့ထဲမှာ ရှန်စီဝမ်ကတော့ တစ်ယောက်ကိုသာ စိတ်ဝင်စားခဲ့၏....

ဒုတိယမြောက်သားနာမည်က မော့ပေါင်ကျွင်း ဖြစ်သည်...

မော့ပေါင်ကျွင်းက တီဗီရှေ့ကနေ ဘယ်တော့မှမခွာတဲ့လူဖြစ်ပြီး တစ်ယောက်ယောက်က သူ့ကိုမသယ်ပေးရင် အိမ်ထဲကလုံးဝမထွက်ပေ....

ရှန်စီဝမ် သူ့အား လေ့လာစောင့်ကြည့်ပြီးနောက် ဒီကလေးက အခြားလူတွေထက်ဉာဏ်ကောင်းတယ်ဆိုတာ တွေ့လိုက်ရသည်... တစ်ခါတစ်လေ ဒီကလေးက သူ့ထက်တောင် ပိုစမတ်ကျတယ်လို့ တွေးမိ၏... တစ်ခါတစ်ရံဆို ဒီကလေးက သူ့ရဲ့ဖြစ်တည်မှုကိုတောင် သိလောက်တယ်ဟု ရူးကြောင်ကြောင်တွေးမိသေးသည်... အဲ့တာကြောင့် ဒီကလေးကို နောက်ကလိုက်... အင်း...လေ့လာတယ်လို့ ဆိုလိုတာပါ...

ဇာတ်ကြောင်းတွေကိုဖျက်ဆီးရတာ သဘောကျတယ်(ဘာသာပြန်)Where stories live. Discover now