Ep - 17 (Arc - 2.10 End)

646 62 0
                                    

Zawgyi

❤ ရှောင်ချင်းဟွမ် ❤

*ဘာ!...*

"ဟုတ်တယ်hostရဲ့...
ဇာတ်လိုက်မကလဲhost ရေဖန်ခွက်ပဲ
ရွေးမယ်လို့ထင်လို့ဖြစ်မယ်..."

*ဆေးကတော်တော်ပြင်းပုံရတယ်...
ခုတောင်ချွေးတွေတအားထွက်နေပြီ...*

ဆေးစွမ်းကချက်ချင်း အာနိသင်ပြလာ
တာမို့ ယိုင်နဲ့ချင်လာတဲ့ကိုယ်လေးကို
ဘေးက ဝရံတာဘောင်နဲ့ထောင့်ကန်
ထားရတယ်...
သူ့hostရဲ့မူမမှန်မှုကြောင့်systemလေး
နဲ့စိုးရိမ်ခြင်းများစွာဖြင့်...

"host ကျွန်တော်ဆေးအရှိန်ပြယ်အောင်
လုပ်ပေးရမလား..."

ချင်းဟွမ်စကားမပြန်နိုင်ခင် သူ့အနား
လှမ်းလာနေတဲ့ခြေသံတွေကိုကြားနေ
ရတယ်...
ကပွဲထဲမှလင်းထိန်တောက်ပနေတဲ့
မီးများဟာလဲ ဖြတ်ခနဲပျက်တောက်
သွားပြီ ကျောင်းသူကျောင်းသားများရဲ့
မကျေနပ်သံတွေညံထွက်လာခဲ့
တယ်...

*ကလေးအထာတွေကွာ...*

ချင်းဟွမ်စိတ်ထဲမှလှောင်ပြောင်လိုက်
ပြီး...

*systemဆေးပျယ်အောင်လုပ်ပေး
တော့...*

ပြောပြီးစက္ကန့်ပိုင်းပဲကြာခဲ့တယ်...
ချင်းဟွမ်ကိုယ်ရဲ့အပူချိန်ဟာပုံမှန်
ပြန်ဖြစ်လာပြီး ရီဝေမူးနောက်မှုများ
အရှင်းပြန်ပျောက်သွားခဲ့တယ်...
ဒါပေမဲ့သူဆတ်လက်သရုပ်ဆောင်
နေခဲ့ပြီး သူ့ကိုထမ်းခေါ်သွားတဲ့
လူနောက် မလှုပ်မယှက်ပဲလိုက်ပါသွား
ခဲ့တယ်...

ကပွဲရုံအနောက်ဘက်အရေးပေါ်
လှေကားမှ ချင်းဟွမ်ကိုခေါ်ဆောင်
လာသူ လူ၎ယောက်ဆင်းလာပြီး
ချိန်မှာ အောက်ဘက်အမှောင်ရိပ်
ထဲစောင့်နေတဲ့လူ၆ရောက်နဲ့တွေ့ဆုံ
ခဲ့တယ်...
တစ်ပြိုင်နက်ထဲ ကပွဲထဲမှမီးရောင်များ
ဟာလဲ ပြန်လည်ထိန်လင်းလာတာ
မို့ ဗရုတ်သုတ်ခဖြစ်နေခဲ့တဲ့
လူအုပ်ဟာ ဖြည်းဖြည်းချင်းပြန်လည်
ငြိမ်သတ်လာခဲ့တယ်...

တစ်ဖက်က အမည်မသိလူ၁၀ယောက်
မှာတော့ ထိုသူများထဲမှာ ၁ယောက်က
ချင်းဟွမ်ကိုထမ်းပိုထားပြီး ဘေးတွင်
လူ၉ဦးခြံရံလျက် ကျောင်းဆေးခန်း
ဘက်သို့ဦးတည်လာနေကြသည်...

Heart attack systemWhere stories live. Discover now