Ep - 16 (Arc - 2.9)

543 65 0
                                    

Zawgyi

❤ ရှောင်ချင်းဟွမ် ❤

ကျောင်းကပွဲနေ့...

"သားဟိုရောက်ရင် ဟွမ်လေးကိုသေချာ
ဂရုစိုက်ပေးပါအုံးကွယ်..."

"မပူပါနဲ့မား...သားက မားမပြောလဲ
ချင်းဟွမ်ကိုဂရုစိုက်ပြီးသားပါဗျ..."

ကျောင်းကပွဲသွားရန် လီခွမ်းက ချင်းဟွမ်
ကိုအိမ်အထိလာကြိုခြင်းဖြစ်သည်...
ခုထိပြင်ဆင်မှုမပြီးဆုံးနိုင်သေးသည့်
ချင်းဟွမ်ကိုစောင့်ရင်း ဧည့်ခန်းမှာ
ချင်းဟွမ်ရဲ့မားနဲ့ပါးနဲ့စကား
အာလာပ သာလာပ ပြောနေကြ
ချင်းပင်...
လီခွမ်းရဲ့ပွင့်လင်းမှုကြောင့်
ခုဆိုလီခွမ်းကချင်းဟွမ်ကို
လိုက်နေချင်းကိုလဲ ချင်းဟွမ်ရဲ့မိဘများ
ကသိနေကြပြီ...

လူကြီးမိဘများပေါ်သိတတ်လိမ္မာပြီး
ရုပ်ရည်ရူပကာကခန့်ညားချောမော
ကာ လူချမ်းသာလေးလဲဖြစ်သည့်
လီခွမ်းကို ချင်းဟွမ်ရဲ့မိဘများက
အမြင်မကြည်ချင်းလုံးဝမရှိသည့်
အပြင် ချင်းဟွမ်ကိုပါလီခွမ်းလက်ထဲ
မြန်မြန်ထိုးကျွေးချင်နေကြသေးသည်...

အရမ်းချစ်ရတဲ့သားချောလေးကို
ဘာကြောင့်သည်လိုလုပ်ရက်ရသည်
လဲဆိုတော့ချင်းဟွမ်မားဟာ
Fujoshiအကြီးစားကြီးဖြစ်နေခြင်း
ကြောင့်ပင်...
အသက်သာ၅၀နားကပ်လာပေမဲ့
ယောကျာ်းမြင် လင်ပေးစားချင်တဲ့
အကျင့်က ယခုထိမပြင်နိုင်သေးပေ...
ဒါကြောင့်သူ့သားလင်ရမဲ့အရေးကို
စိတ်ထဲဘယ်လိုမှမနေပဲ
ပျော်တောင်ပျော်နေသေးသည်...

ချင်းဟွမ်ပါးကလဲလက်ခံပေးလေသည်...
သူကသူ့၏ချစ်ဇနီးလေးစိတ်ချမ်းသာရင်
ဘာမဆိုလက်ခံပေးနိုင်သည်...
သူတို့ရီရီမောမောရောက်တက်ရာရာ
ဟိုအကြောင်းဒီအကြောင်းပြောနေကြ
စဉ် အိမ်အပေါ်ထပ်မှာ အလင်းရောင်
များဖြာထွက်လာသည်ကို မြင်လိုက်ရ
သည်...

ထိုခနလီခွမ်းနဲ့ချင်းဟွမ်မိဘများအပါဝင်
အိမ်တော်ထဲရှိနေကြသောအလုပ်သမား
များ၏အကြည့်ကအိမ်ဒုတိယအထပ်
လှေကားထိပ်ဆီသို့မတိုင်ပင်ပါပဲ
အကြည့်ရောက်သွားကြသည်...
အလင်းရောင်တွေမျက်စိကြိမ်းမတက်
ဖြာထွက်နေရတဲ့တရားခံမှာတော့
ပြင်ပြီးဆင်ပြီးလို့ကျောင်းကပွဲသွားရန်
ဒုတိယထပ်မှ ကျတ်သရေရှိစွာ
အောက်ထပ်ဆင်းလာသည့်
ရှောင်ချင်းဟွမ်...

Heart attack systemWhere stories live. Discover now