Ep - 13 (Arc - 2.6)

600 63 1
                                    

Zawgyi

❤ ရှောင်ချင်းဟွမ် ❤

မီဆိုရာ ချင်းဟွမ်ရှေ့ရောက်လာတာနဲ့
လီရှင်းနဲ့လီရန်က အရှေ့ကနေ ကာရပ်
လို့ကာကွယ်ပေးဖို့အစဉ်သင့်ပဲ...
မီဆိုရာ သူ့မျက်ဝန်းထဲမှ
မကျေနပ်မနာလိုမှုပေါင်းများစွာကို
ဖုံးကွယ်ရင်း အသနားခံပုံရိပ်ဖြင့်သာ
ပေကပ်လို့ ထိုနေရာမှာဆတ်ရပ်နေ
တယ်...

"ငါတကယ်မနေ့ကမရည်ရွယ်ခဲ့ပါဘူး
ချင်းဟွမ်...ပြီးတော့ငါနင့်ကိုပြောစရာလဲ
ရှိလို့ပါ..."

''ကောင်းပြီ မင်းတောင်းပန်တာကို
ငါလက်ခံပါတယ်...ဘာပြောချင်တာလဲ
ပြောလို့ရပြီ..."

မီဆိုရာဘေးပတ်ဝန်းကျင်နဲ့
ချင်းဟွမ်ကိုကာကွယ်ပေးနေတဲ့
လူ၂ယောက်ကိုကြည့်ကာ...

"ဒီမှာပြောလို့မဖြစ်ဘူးထင်တယ်..."

"အဲ့ဒါဆိုလဲတိတ်ဆိတ်တဲ့၁နေရာရာ
သွားကြတာပေါ့..."

"ချင်းဟွမ်!..."

"အရုပ်လေး!..."

ထိုင်ခုံကထလာတော့ စိုးရိမ်တကြီး
ရုပ်ကြီးတွေနဲ့ပြိုင်တူလက်လာဆွဲကြ
တဲ့လီရှင်းနဲ့လီရန်...
ချင်းဟွမ်အပြုံးအေးအေးလေးပြုံးပြ
ရင်း...

"၂ယောက်လုံးစိတ်မပူပါနဲ့...
ငါကယောကျာ်းလေး၁ယောက်ပါကွာ...
မိန်းကလေး၁ယောက်ကငါ့ကို
အနိုင်ကျင့်နိုင်တာဖြစ်နိုင်ပါ့မလား..."

အဲ့ဒီစကားကိုလက်မခံနိုင်စွာနဲ့လီရန်
ကဤသို့ပြောလာလေသည်...

"အရုပ်လေးကယုန်ဖြူ လေးလိုနူးညံ့ဖြူ
စင်လွန်းတယ်...လူတိုင်းကိုအရုပ်လေး
လိုနှလုံးသားလှတယ်ထင်မနေနဲ့...
မိန်းကလေးဆိုပြီးတော့လဲအထင်
မသေးနဲ့...တစ်ချို့တွေကအပြင်ပန်း
ကြည့်ရင်မသိနိုင်ပေမဲ့ အတွင်းက
လောက်တက်ပြီးပုတ်ပွလွန်းနေတာ..."

လီရှင်းကလဲထောက်ခံတဲ့အနေနဲ့
ခေါင်းငြိမ့်ပြလာသည်...
ချင်းဟွမ်လဲအစိုးရိမ်လွန်နေတဲ့
၂ယောက်ကိုမနဲချော့မော့ပြီး
မီဆိုရာနဲ့၂ယောက်သားထွက်လာခဲ့
တော့တယ်...

မီဆိုရာ ချင်းဟွမ်ကိုခေါ်လာတဲ့နေရာက
ကျောင်းရဲ့အသံလွှင့် စတူဒီယိုခန်းထဲ...

Heart attack systemWhere stories live. Discover now