Ep - 15 (Arc - 2.8)

587 64 2
                                    

Zawgyi

❤ ရှောင်ချင်းဟွမ် ❤

ကျေးငှက်ကလေးတွေ ကျီကျီကျာကျာ
တီတီတာတာဖြင့်အော်မည်နေကြ
လျက် သာယာလှပသော နေ့သစ်ကို
ကြိုဆိုနေကြလေတယ်...
ဝမ်လီခွမ်းရဲ့ဗီလာအတွင်းမှ
အခန်းတစ်ခန်းထဲမှ ချင်းဟွမ်ဆိုတဲ့
ကောင်ငယ်လေးမှာတော့
တစ်ကိုယ်လုံးရဲ့ကိုက်ခံမှုဒဏ်ကို
အနိုင်ယူရင်း မသာမယာနိုးလာခဲ့ရ
တယ်...

မျက်လုံးဖွင့်ဖွင့်ချင်း စိမ်းသက်နေတဲ့
ပတ်ဝန်းချင်ကြောင့် မနေ့ကအကြောင်း
သေချာပြန်စဉ်းစားရင်းနဲ့ အခြေနေကို
နားလည်လာရတယ်...
ခြုံစောင်ကိုလှန်ကြည့်မိတော့
စေးကပ်မှုမရှိ ကိုယ်ကသန့်ရှင်းနေပေ
မဲ့ အဝတ်တော့မဲ့လျက်ဖြစ်နေခဲ့သည်...
ခါးကလဲ လက်၁စုံရဲ့တင်းကြပ်စွာပွေ့
ဖက်ခြင်းခံထားရတယ်...
တရားခံကတော့ဘယ်သူလဲမေးစရာ
မလိုအောင်သိပြီးသားပါ...

ချင်းဟွမ် လီခွမ်းဖက်ထားတဲ့လက်ကို
ဖယ်ချဖို့လုပ်တော့ ပိုတင်းကျပ်စွာ
ခါးရိုးကျိုးမတတ်အဖက်ခံလာရသည်
မို့ နာကျင်မှုနဲ့အတူဒေါသက
အနောက်ကကပ်ပါလာတာမို့
ခပ်စူးစူးမျက်ဝန်းနဲ့လီခွမ်းမျက်နှာကို
မော့ကြည့်မိလိုက်တဲ့အခါ
ချင်းဟွမ်ဘာပြောရမှန်းမသိလောက်
အောင်ဖြစ်သွားပြီး ဒေါသတွေလဲ
မထွက်နိုင်တော့ပေ...

* သူငိုနေတာလား... *

မှန်တာပေါ့...
မှိတ်ထားတဲ့မျက်ဝန်းထောင့်မှနေ
မျက်ရည်တွေဟာ ရေတံခွန်ပမာ
စီးကျနေလေရဲ့...
ပါးစပ်ကလဲ ဘာတွေရေရွတ်နေလေ
မှန်းမသိ...
ချင်းဟွမ်သေချာမကြားရတာမို့
အနားတိုးကပ်နားထောင်ကြည့်မိ
တော့ကြားရတာက...

"ကိုယ်တောင်းပန်ပါတယ်...
ကိုယ့်ကိုမထားခဲ့ပါနဲ့...
ကိုယ်လိမ္မာပါ့မယ်ကွာ...
အရင်လိုမဆိုးတော့ပါဘူးနော်...
ဟင့် ကိုယ့်ကိုမထားခဲ့ပါနဲ့ဖရက်ဒီ..."

ချင်းဟွမ် ထိုစကားများကြောင့်
မျက်လုံးများဝိုင်းစက်ကာပြူးကျယ်လာ
ခဲ့သည်...
တစ်ပြိုင်နက် ဝမ်းနဲမှုကိုပါ
လှိုက်ခနဲခံစားလိုက်ရသည်...
ပထမကမ္ဘာမှာတုန်းက သူသေသွား
ချိန်မှာ ဝမ်ဘယ်လောက်တောင်
နာကျင်ခံစားခဲ့ရလို့ ခုထိကြောက်စိတ်
မ​ပြေနိုင်သေးတာလဲတွေးမိပြီးတော့
ပေါ့...

Heart attack systemDär berättelser lever. Upptäck nu