Ep - 11 (Arc - 2.4)

649 69 1
                                    

Zawgyi

❤ ရှောင်ချင်းဟွမ် ❤

"မင်းငါ့ကိုဘာလုပ်တာလဲ...
ခုချက်ချင်း အောက်ပြန်ချပေးစမ်း..."

ချင်းဟွမ် စကားကို လီခွမ်း လျစ်လျူ ရှု
လျက်...

"ငြိမ်ငြိမ်နေ မင်းလက်ဒဏ်ရာပိုဆိုးလာ
မယ်...ဆေးခန်းပို့ပေးမလို့..."

"ငါထိခိုက်တာလက်...ခြေထောက်က
အကောင်းကြီးရှိသေးတယ်...
ငါ့ဟာငါလမ်းလျှောက်နိုင်တယ်..."

မျက်မှောင်လေးကုတ်ပြီး အေးတိအေးစက်
ဒီဇိုင်းဖမ်းကာ ပြောဆိုနေပုံလေးကလဲ
တစ်နည်းအားဖြင့် ဆွဲဆောင်မှုရှိနေပြန်
ကော...
ဒါပေမဲ့လီခွမ်းကတော့ ဆတ်လက်
မသိကျေးကျွန်ပြုလျက်ပဲ...

"မင်းပေါင်လဲ စွပ်ပြုတ်ရည်အလောင်ခံ
ထားရတယ်လေ...မင်းငြိမ်ငြိမ်လိုက်မလာ
ရင် ကိုယ်မင်းကိုမြေပြင်ပေါ်
ခါးရိုးကျိုးအောင်ချထည့်လိုက်မှာနော်..."

A/N
( မြေပြင်ပေါ်ပစ်ချတာကိုပြောတာနော်...
ရှင်တို့လေးတွေ အမှောင်တောထဲ
ပြေးဝင်မနေနဲ့အုံး...🌚😅😅 )

လီခွမ်းရဲ့ခြိမ်းခြောက်ပြောဆိုမှုကြောင့်
ချင်းဟွမ် ကျောင်းဆေးခန်းရောက်တဲ့
ထိ တိတ်ဆိတ်လျက်လိုက်သွားရန်သာ
ဆုံးဖြတ်လိုက်သည်...
လီရှန်းနဲ့လီရန်ကလဲအနောက်ကနေ
ဆိုးရိမ်တကြီးလိုက်ပါလာကြတယ်...
နောက်ဆုံးချင်းဟွမ်ရောက်ရှိလာရတာ
ကတော့ကျောင်းဆေးခန်းမဟုတ်ပဲ
ကား၁စီးပေါ်ဖြစ်လို့နေခဲ့တယ်...

ချင်းဟွမ် ကားထဲကပြန်ထွက်သွားဖို့
လုပ်တော့ ကားတံခါးရှေ့ လီခွမ်းက
ပိတ်စို့ထားကာ သူပါကားထဲဝင်ရောက်
လာခဲ့ပြီး ကားအရှေ့ခန်းမှဒရိုက်ဘာအား
အမိန့်ပေးလိုက်တယ်...

"မောင်းတော့..."

ဒရိုက်ဘာချက်ချင်းကားစက်နှိုးကာ
မောင်းထွက်လာတာကြောင့်
ချင်းဟွမ် ဘာမှခွန်းတုံ့ပြန်ချိန်တောင်
မရလိုက်သလို လီခွမ်းရဲ့ခြေလှမ်းကြဲ
ကြီးတွေကိုမနဲအမှီလိုက်လာကြရတဲ့
လီရှန်း နဲ့လီရန်မှာလဲ သူတို့မျက်စိရှေ့
ထွက်ခွာသွားပြီဖြစ်တဲ့ ကားနောက်မြီး
လေးကိုပဲမြင်လိုက်ရတော့တယ်...

Heart attack systemWhere stories live. Discover now