အပိုင်း(၂၀)

Beginne am Anfang
                                    

ရေလဲပုဆိုးကွက်ကျဲလေးနှင့် အပေါ်ပိုင်းကို ပုဝါဖြူလေးပတ်ကာ ထွက်လာသော ကိုငယ်။ ခေါင်းမှာ ရေဆက်လက်မို့ ခေါင်းပြောင်အောင်သုတ်ဖို့ မှာရအုံးမယ်လေ။ အအေးကြိုက်တဲ့ တောင်ပေါ်သားလေး က ရန်ကုန်နွေအပူကို လိမ့်နေအောင်ခံစားနေရတာမြင်တော့ မပြည့်စုံတဲ့ အိမ်ငယ်လေးက အားနာရပြန်ပြီလေ။ နောက်နေ့ ပန်ကာကြီးကြီးမဟုတ်တောင် air-cooler တစ်လုံးဝယ်ဖို့ မိဝေနဲ့တိုင်ပင်ရအုံးမည်။

ပုဝါအစိမ်းလေးကို ပတ်ပြီးထွက်လာတဲ့ ဖိုးသာထူးက ဘာတွေအူးမြူးနေလဲမသိ ကိုငယ်လက်တစ်ဖက်ကို ဆွဲခါရမ်းပြီး အိမ်ပေါ်တက်လာနေသည်။

" ကိုကို...သားကို ရေခဲမူန့် ကြွေးနော် "

" အင်း....."

" ဟိုကြ....ကြက်ကြော်လေးရောနော်...ဟိ..ဟိ..ဆော့လေးနဲ့...အိစ် ဆိုပြီး ကိုက်စားပစ်မယ်နော်ကိုကို.."

" အေးပါ..."

လက်တစ်ဖက်ကနေ ကြက်ပေါင်ကိုက်သနည်း လက်ဟန်အမူအရာဖြင့် ပုံဖော်နေသော ဖိုးသားထူးကိုကြည့်ပြီး ရေစိုနေသော ဖိုးသာထူးခေါင်းလေးကိုလည်း ဖွပေးဖို့ မမေ့ခဲ့။

" ဟော...နှစ်ယောက်လုံး ခုမှ ရေချိုးပြီးတာပေါ့လေ...ဟုတ်စ "

လက်ထဲက ပင်လယ်အစုံသုပ် ဗန်းလေးကို အိမ်ရှေ့သယ်လာနေသော မိဝေက ချွေးတလုံးလုံးနဲ့ ချက်ပြုတ်နေသော မီးဖိုဆောင်က ထွက်လာချိန် ၊ အိမ်အပေါ်ထပ်လေးမှာ ဖိုးသာထူးရဲ့ ရေစိုနေသော ခေါင်းလေးကို ပုဝါ
လေးဖြင့် ခပ်ဖွဖွ သုပ်ပေးနေသော ကိုငယ်က ပြုံး၍ ခေါင်းညိမ့်ပြ၏။

" မြန်မြန်လုပ်ကြ ရာသီဥတုက အပူပြင်းတယ် ..ရေဇိမ်ချိုးတိုင်းမကောင်းဘူးနော် .."

" အေးပါ...."

" မြန်မြန် အဝတ်စားလဲတော့ဝေ့....ကိုမျိုးကြီးတို့ ဒီဘက်လမ်းကွေ့နားရောက်နေကြပြီတဲ့ "

မန်ကျည်းပင်အောက်ကနေ စားစရာများ ပြင်ဆင်ရင်း လှမ်းအော်နေသော ကိုသာထက်စကားတို့ကြောင့် ဖိုးသာထူးကို အဝတ်အစားများ ဝတ်ဆင်ပေးနေမိသည်။

ကိုယ်တိုင်သော်လည်း ကာကီရောင် ချည်သားဘောင်းဘီပျော့လေးနဲ့ အမြဲဝတ်ဆင်နေကြ အဖြူရောင် T-shirt free size တစ်ထည်ကိုကောက်စွပ်ကာ lotion အနည်းငယ်လူး၍ ရေဆက်လက်ဖြစ်နေသော ခေါင်းကို သုပ်နေမိသည်။

တေးသစ္စာ ဖွဲ့ ချစ်ခြင်းမေတ္တာWo Geschichten leben. Entdecke jetzt