သူတစ်ချက်တွေးလိုက်ပြီးမှ အကြည့်တွေကိုပြန်ရုတ်သိမ်းလိုက်တယ်။ လက်ထဲကဆွဲသီးကိုပိုမိုတင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး သူနာပြုနောက်ကနေပြီးနာခံစွာနဲ့ ကုသဆောင်အခန်းတွင်းသို့လိုက်ဝင်ခဲ့တယ်။ ထိုနောက်ကျောပိုးအိတ်ကို ပိုက်ကာဆရာဝန်ရဲ့ရှေ့မှာဝင်ထိုင်လိုက်တယ်။
ဆရာဝန်က သူရဲ့ဆေးကုသမှုမှတ်တမ်းကို တစ်ချက်ယူပြီးသေချာစစ်ဆေးကြည့်လိုက်တယ်။
စူးယွီကျုံးဆွဲသီးကိုဆုပ်ကိုင်လျက် အသံခပ်တိုးတိုးနဲ့ “ ဒေါက်တာ၊ ခုနလေးတုန်းကထွက်သွားတဲ့လူကြီးမင်းကို ဆက်သွယ်လို့ရမယ့်တစ်ခုခုရှိလားမသိဘူးဗျ။ “
“ Oh! မင်းကစု့လူကြီးမင်းအကြောင်းကိုပြောနေတာလား? ဆက်သွယ်ပြီးဘာလုပ်မလို့လဲမင်းက? “
စကားပြောပြီးနောက် ဆရာဝန်က သူရှေ့မှာထိုင်နေတဲ့ လူငယ်လေးကို သံသယနဲ့ မော့ကြည့်လိုက်တယ်။အသက်ဆယ့်ရှစ်ပြည့်ကာစAlpha ငယ်လေးတစ်ယောက်။ ချောမောတဲ့ရုပ်သွင်မှာ နုပျိုခြင်းနဲ့ တက်ကြွခြင်းတွေကထင်ဟပ်လို့နေတယ်။ ကလေးငယ်တစ်ယောက်လိုမျိုး ခံစားချက်ပေးနေသော်လည်း ကလေးဆန်လွန်းမယ့် ပုံသဏ္ဍာန်မျိုးတော့မရှိလှပေ။
သူရဲ့ သစ်အယ်သီးဖျော့ရောင်ဆံနွယ်တွေက နူးညံ့ပြီးပျော့ပျောင်းတဲ့အသွင်ကိုဆောင်ယူလို့နေတယ်။ သဘာဝအတိုင်းဖြစ်နေတဲ့ ဆံနွယ်ပေါ်ကကောက်ကြောင်းလေးတွေနဲ့အတူ ဖွေးသန့်သန့်အသားအရောင်က လူငယ်ဆန်တဲ့အငွေ့အသက်ကို အပြည့်အဝဖန်တီးလို့နေတယ်။
စူးယွီကျုံးရဲ့ပုံစံကာ ရိုးရှင်းပြီး ယုံကြည်ကိုးစားလို့ရတယ်ဆိုတဲ့ ခံစားချက်မျိုးကိုပေးစွမ်းလို့နေတယ်။ အထူးသဖြင့် ပြုံးတတ်တဲ့ မျက်ဝန်းတစ်စုံက တစ်မျိုးတမည်ထူးဆန်းစွာနဲ့ ရင်းနှီးဖော်ရွေတဲ့ခံစားချက်မျိုးကို ပေးစွမ်းလို့နေလေတယ်။
နောက်ပြီးဒီလိုရင်းနှီးဖော်ရွေတဲ့ပုံစံမျိုးက Alpha တစ်ယောက်ဆီမှာတွေရသည်က လွန်စွာရှားပါးလွန်းလှတယ်။ သူလိုလူမျိုးစုံတွေ့ဖူးတဲ့သူတောင် မထိန်းချုပ်နိုင်စွာနဲ့ ခဏခဏပြန်ကြည့်နေမိတယ်။
YOU ARE READING
小甜A誰不喜歡?( မြန်မာဘာသာပြန် )( Unicode )
Romanceဒါလေးက ပုံမှန် ABO Fic တွေနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ OA Ficပါ။ စာရေးသူ Zuì ài méizi jiǔ { 最爱梅子酒 } ဖန်တီးမှုလက်ရာတွေကတစ်ခုဖြစ်ပြီး အပိုင်း104ပိုင်းရှိပါတယ်။ တစ်ပုဒ်လုံးကို စကားတစ်လုံးနဲ့ပုံဖော်ရရင် ချိုတယ်ဆိုတာပါပဲ။
အပိုင္း - 2
Start from the beginning