Arc(4) ကျောင်းလူဆိုးလေး /26.1/

Start from the beginning
                                    

ပိုင်ကျီ နောက်ပြန်လှည့်လိုက်ကာ သူ့ရဲ့သည်းခံနိုင်မှုအတိုင်းတာကိုရောက်နေပြီဖြစ်သည်။
"တိတ်ကြစမ်း!"

တပည့်လေးများ : "ဝူးဝူးဝူး ဘောစ့်က အရမ်းရက်စက်ပေမယ့် အရမ်းချစ်စရာကောင်းတယ်..."

လက်ပါးစေတပည့်လေးများရဲ့ အော်သံကို မကြားရတဲ့ ပိုင်ကျီကတော့ ကျောပိုးအိတ်ပေါ်ရှိ ဖုန်များကိုခါလိုက်သည်။သူ့အကြည့်တွေက စုတ်ပြဲနေသည့် အိမ်စာစာအုပ်တွေဆီ ရောက်သွားကာ ခဏရပ်တန့်သွားသည်။သူ နေရာ၌ပင် မတ်တပ်ရပ်နေကာ သတိနှင့်မေးလိုပ်သည်
"...အတန်းဖော်ကျီ မင်းအိမ်စာတွေ ပြီးပြီလား"

ကျီကွေ့ချန် ဘာမှမပြောပဲ ခေါင်းညိတ်​​ပြလာသည်။

ပိုင်ကျီ ခေါင်းငုံ့လိုက်ပြီး ကိုးရို့ကားယားနိုင်စွာ စုတ်ပြဲနေသော စာရွက်တချို့ကို ဂရုတစိုက် လှန်ကြည့်လိုက်သည်။

သပ်ရပ်လှပသော စာလုံးလေးများသည် စာမျက်နှာတစ်ခုလုံးတွင် စီစီရီရီဖြင့်ပြည့်နှက်နေသည်။

ပိုင်ကျီ စာရွတ်များကို နောက်ပြန်လှန်လိုက်သည်။

"ဦးလေးရေ ကျွန်တော်တော့ဒီတစ်ခါ တကယ်သွားပြီ"

“ငါရောပဲ” systemပြောလာသည့် စကားလုံးများက သူ့ခေါင်းထဲတွင် ထွက်ပေါ်လာသည်။

ပိုင်ကျီ ငိုချင်ပေမယ့် မျက်ရည်ကျမလာပေ "အတန်းဖော် ကျီ ဒါကအမှန်တော့ အမှားတစ်ခုပဲ"

"ဘော့စ်ပြောတာမှန်တယ်! ငါတို့ကမင်းကို နဂိုထဲက ရိုတ်ပိုင်ခွင့်ရှိတယ်!"  အနီးနားရှိ လက်ပါးစေ​လေးများက ထောက်ခံလာကြသည်။

ပိုင်ကျီ ဒီအမှိုက်အတန်းဖော်​တွေရဲ့ စွမ်းအားကို ပထမဆုံးအကြိမ် နားလည်သဘောပေါက်သွားသည်
"... တိတ်နေကြစမ်း! ငါ့ခွင့်ပြုချက်မရှိဘဲ စကားမပြောနဲ့!"

ထို့​​နောက် ပိုင်ကျီ အတင်းပြုံးပြလိုက်ပြီး သူ့ကိုယ်သူ ရှင်းပြဖို့ ကြိုးစားလိုက်သည်
"ငါ တကယ်တော့- အရင်ထဲက- မင်းကို-ပြောချင်တာရှိတယ်-အဲ့တာ"

ကျီကွေ့ချန် သူ့ရဲ့အေးစက်စက်မျက်လုံးများဖြင့် မော့ကြည့်လာသည်။

ငါဗီလိန်ကြီးရဲ့Fan boyတစ်​ယောက် ဖြစ်လာပြီ(MM Translation) Where stories live. Discover now