[ကလေးတစ်ယောက်အတွက် လက်သီးတစ်ချက်: ကျွန်မ စကားကို ကျွန်မပြောင်းလဲမှာမဟုတ်ဘူး။သေနတ်က မင်းကို တိုက်ရိုက်မထိမချင်း မင်း  နာကျင်မှုကို ဘယ်တော့မှခံစားရမှာမဟုတ်ဘူး။မစ္စရှောင်းက တရားဥပဒေအရ ကျွန်မကို အနိုင်ယူနိုင်တယ်ဆိုတာကို show မှာထဲကကျွန်မရှင်းရှင်းလင်းလင်းပြောပြီးသားပါ။လူတိုင်းက အရမ်းကို ကြင်နာတတ်ကြတာပဲ ဒါဆို သူမ ရှေ့နေခလေးနည်းနည်းဖြစ်ဖြစ် ကာမိအောင်ရှင်တို့ လှူကြပါလား]

—— ထျန်ထျန် ကအရမ်းမိုက်တယ်!!!

—— ငါလည်းပဲ ဒီလိုမိသားစုမျိုးမှာ ကြီးပျင်းခဲ့တာပဲ။ဒီလိုမိဘမျိုးက သွေးစုပ်တစ္ဆေတွေဆို သံသယရှိစရာကိုမလိုဘူး။

—— သူမကငါ့တို့ထျန်ထျန်လေးကို အသုံးချနေတယ်ဆိုရှင်းနေတာပဲ။မြင့်မြတ်ချင်ယောင်ဆောင်နေတဲ့ အမေတွေထဲက တစ်ယောက်ပဲ။

—— ဒါကိုကြည့်ပြီးတော့ တော်တော်လေးကို စိတ်သက်သာရာရသွားတယ်။ငါ ထျန်ထျန်ကိုထောက်ခံနေပါတယ်။

"......."

ကျန်းထျန်မှာ ကြီးမားတဲ့ ဖန်ဘေ့စ်ကြီးရှိတာပဲ။
မကြာခင်မှာပဲ သူမကို ထောက်ခံတဲ့ မှတ်ချက်တွေဟာ အင်တာနက် စစ်သည်တော်တွေကို ကျော်လွန်သွားခဲ့သည်။ချောင်ရွှီရီ၏ မှတ်ချက်သည်လည်း ရှုံ့ချမှုများစွာကို ရရှိခဲ့သည်။သူမသည် ထိုတိုက်ခိုက်မှုကိုမခံနိုင်တော့ဘဲ
ကောမန့်ပိတ်ပြီး နောက်ဆုံးမှာတော့ ပိုစ့်ပါဖျက်သွားတော့သည်။

ရှောင်ရှို့လျန် သည်လည်း ပြင်းပြင်းထန်ထန် ဝေဖန် ခံခဲ့ရသည်။

သူမတွင်လည်း ဖုန်းရှိတဲ့အတွက်ကြောင့် ထိုကန့်သတ်ထားသော ကောမန့်များကို သဘာဝအလျောက်ပဲ မြင်နိုင်ပေသည်။

ရှောင်ရှို့လျန်သည် ယခု ဒေါသထွက်လွန်း၍ ဝမ်းနည်းလာပေသည်။ဒေါသထွက်ရခြင်းမှာ သူမသမီးက သူမအဲ့ show ကို မတက်သင့်ကြောင်းပြတ်ပြတ်သားသား အပစ်တင်သောကြောင့်ဖြစ်သည်!။ယခုလည်း အဲ့ show ကအကျိုးအမြတ်ကို မရရှိသေးဘဲ လူတိုင်း၏ ကဲ့ရဲ့ခြင်းကို ခံနေရသည်။

ရှောင်ရှို့လျန် သည် လက်ထဲတွင်  ဖုန်းကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီး သူမ၏ မျက်နှာသည် ဒေါသကြောင့် ပျက်ယွင်းနေခဲ့သည်။

မြတ်နိုးရသူ ဗီလိန်၏ ချစ်ဇနီး Completed✓Where stories live. Discover now