အစီအစဉ်တင်ဆက်သူက ရှောင်ရှို့လျန် ကိုကြည့်လိုက်ပြီး
"ရှောင်အားရီ ဆက်ပြောပေးပါ"

ရှောင်ရှို့လျန်သည် ဆက်မပြောခင် သူမမျက်ရည်တွေကို သုတ်လိုက်ပြီး
"ကျွန်မရဲ့ဘဝက အရမ်းမကောင်းခဲ့ပါဘူး၊ဒုက္ခတွေအများကြီးလည်းရောက်ခဲ့တယ်။ကျွန်မအခုတော့ အိုးမဲ့အိမ်မဲ့ဖြစ်နေပြီ။ခွေးတွေကတောင် ကျွန်မထက်သာတယ် အနည်းဆုံးတော့ ခွေးလေခွေးလွင့်တွေ.....ခွေးလေခွေးလွင့်တွေမှာ ကယ်တင်ရှင်ရှိသေးတယ်။ကျွန်မအဲ့နေ့က ထျန်အာကို သွားတွေ့ပြီး ကျွန်မကို ကူညီပေးဖို့ပြောခဲ့တယ် ဒါပေမဲ့.....ဒါပေမဲ့"
ရှောင်ရှို့လျန် မနေနိုင်ပဲ နောက်တစ်ကြိမ်ငိုလိုက်ပြန်သည်။

ခဏ‌လောက်ကြာအောင်ငိုပြီးနောက်မှာ ရှောင်ရှို့လျန် သည် သူမ၏ မျက်ရည်များကို သုတ်လိုက်ပြီး ဆက်ပြောလိုက်သည်။
"ကျွန်မသမီးကျွန်မအပေါ်ထားတဲ့ သဘောထားကို ရှင်တို့အားလုံး မြင်ကြမှာပါ။ကျွန်မဒီနေ့ ဒီshow ကိုလာခဲ့တာက ကျွန်မသမီးကို စကားအနည်းငယ်လောက်ပြောပြီး အကူအညီတောင်းချင်လို့ပါ။ကျွန်မသူမဆီက ပိုက်ဆံအများကြီးမတောင်းပါဘူး။သူမ ကျွန်မကို ကျွန်မနေထိုင်ဖို့ လုံခြုံတဲ့နေရာလေးပေးဖို့ မျှော်လင့်ရုံပါ။"

စတူဒီယိုရှိ လေထုသည် သတ်မှတ်နေရာတစ်ခုသို့ ရောက်ရှိနေပြီဖြစ်သည်။အချိန်တန်ပြီဟု မြင်သဖြင့် ဒါရိုက်တာက စင်ပေါ်မှ အစီအစဉ်တင်ဆက်သူ ကို လက်ဟန်ပြလိုက်သည်။

အစီအစဉ်တင်ဆက်သူက ချက်ချင်း သဘောပေါက်သွားပြီး ကင်မရာကို ကြည့်လိုက်သည်။
"တကယ်တော့ ရှောင်အားရီရဲ့ သမီးကလည်း ဒီနေ့ ဒီနေရာကို ရောက်နေတာပါ။ကောင်းပြီ ကျွန်တော်တို့ ကျန်းထျန်ကို စင်ပေါ်တက်ခဲ့ဖို့ ဖိတ်ခေါ်ပါရစေ"

ကျန်းထျန်....

ကျန်းထျန်???

ပရိသတ်တွေက အံ့အားသင့်သွားခဲ့တယ်။

လက်ခုပ်သံများ ကျဲပါးသွားပြီးနောက်မှာ လူတိုင်း၏ မျက်လုံးများသည် သူတို့နောက်ရှိ လမ်းကြောင်းပေါ်သို့ ကျရောက်သွားကြသည်။

သူမဖြေးဖြေးချင်းစင်ပေါ်ကိုလျှောက်လာခြင်းသည် နောက်ခံမီးအလင်းရောင်ကြောင့် နဂါးငွေ့တန်း‌တွင် လမ်းလျှောက်လာသလို အံ့မခန်းပုံရိပ်ကိုဖြစ်ပေါ်စေသည်။သူမက စင်ပေါ်ကို ရိုးရိုးရှင်းရှင်းသာလမ်းလျှောက်လာပေမဲ့ တစ်စုံတစ်ခုကြောင့် သူမကို မော်ဒယ်ရှိုးတွင် လမ်းလျှောက်သလို ခံစားချက်မျိုးဖြစ်ပေါ်စေခဲ့သည်။

မြတ်နိုးရသူ ဗီလိန်၏ ချစ်ဇနီး Completed✓Where stories live. Discover now