ဒေါက်..ဒေါက်..
Jungkookက ခုနလေးကမှ ထွက်သွားတာမလား တစ်ခုခုမေ့ကျန်ခဲ့လို့လား။..Seokjin စဥ်းစားမနေတော့ပဲ တံခါးသွားဖွင့်လိုက်တော့တယ်။
"Taehyung!"
"ကျတော့်ကို ဒီတိုင်းပဲ ရပ်ခိုင်းတော့မှာလားhyung ပေးမ၀င်တော့ဘူးလား"
"အော..၀င်လေ"
"မ၀င်တော့ပါဘူး"
ဒီကလေးကို သူ့ကို ငယ်ငယ်လေးတည်းက ဒီလို အကျင့်က ခုထိရှိနေတုန်းပဲ..
"မ၀င်ရင် ပြန်တော့"
"တကယ်ကြီးပြောနေတာလာ"
"Hyungက နောက်နေတဲ့ပုံပေါ်နေလို့လား"
"ကျတော်မှားပါတယ် ကျတော်ဒီကိုလာတာ Hyungနဲ့ မနက်စာအတူတူစားဖို့"
"ငါစား..အဟမ်း! အတော်ပဲ Hyungလည်း ဗိုက်ဆာနေတာနဲ့ ဘယ်ဆိုင်ကို သွားကြမလည်း"
"ကျတော်တို့ အရင်တုန်းက သွားနေကြဆိုင်ပဲလေ"
"အွန်း~ Taehyung!"
"ဟင် ပြောလေ"
Jungkookနဲ့ငါ့ကိစ္စကို ပြောပြသင့်လား၊မပြောပြသင့်ဘူးလား။ မဖြစ်ဘူး ခုချိန်က ပြောပြဖို့အချိန်အရမ်းစောနေသေးလား။
"Hyungဘာပြောမလို့လဲ"
"ဘာမှမဟုတ်တော့ဘူး"
တစ်ခုခုကို စဥ်းစားရခက်နေတဲ့ Hyungရဲ့ အမှုရာကြောင့် တစ်ခုခုဖြစ်နေတာ သူသိပါတယ်။ ပြောပြဖို့ ခက်နေတဲ့ Hyungကြောင့် သူလဲ မမေးတော့
"ကျတော်တို့သွားရအောင်"
နောက်ကနေ ခါးကိုဖက်ပြီး သူ့ပုခုံးပေါ် မေ့စေ့လေးတင်ကာ ကလေးတစ်ယောက်လို ပြုမှုနေတဲ့ Taehyungကို သူလဲ မနိုင်တော့တာကြောင့် စိတ်တိုင်းကြ လုပ်ပိုင်ခွင့်ပေးထားလိုက်တော့တယ်။
သူတို့နှစ်ယောက်ရဲ့ခုပုံက ကြည်နူးနေတဲ့ရည်စားတွေနဲ့တူနေသည်။ တကယ်လို့ အပြင်မထွက်ဖို့သေချာမှာထားတဲ့ Jungkookသာ ထိုနေရာမှာ ရှိနေပါက မထင်ထားတဲ့ အရာတွေ ဖြစ်လာမှာပင်..
"Hyung~ ပြီးရင် ကျတော်တို့ လျှောက်သွားရအောင်"
"အင်း မင်းသဘော"
YOU ARE READING
Hyung is my Husband
Fantasyမင်းလို CEOရှီမှာ အတွင်းရေးမှုးဖြစ်တဲ့ ငါကကိုကံဆိုးတာ မင်းနဲ့ မတွေ့ခဲ့ရရင်ကောင်းသား Kim Seokjin